Monday, June 27, 2016

Kanaung class DDG . Myanmar navy

Name: Kanaung class
Builders:  Thilawar Dock Limited
Operators:  Myanmar Navy
Preceded by: Kanaung minthar class
Succeeded by: Aungzaya class
In commission: 2016- (at construction im Thilawar)
Planned: 3
Completed: -
Active: -
General characteristics
Type: Stealth guided missile destroyer
Displacement: 6,150 t (6,150 long tons 6,700 short tons) full load .
Length: 140 m (476 ft)
Beam: 16 m (54.4 ft)
Draft: 6 m (20.4 ft)

Speed and Range - 6,500 nautical miles at 18 knots (33 km/h; 21 mph)
Complement - 35 officer and 270 sailors

Sensors and
processing systems: xxxx S-band AESA multi-function radar (estimated )

Armaments:

For Surface ship : 2 × 6-cell UVLM for 12 BrahMos anti-ship and land-attack missiles or C-602 or C-803 or Kh-35

For ASW : 2 × 4 553mm Torpedo tubes for 553mm torpedoes or ( RPK-2 Viyuga/SS-N-15)
2 xRBU-6000 anti submarine rocket launchers (2 x 10 Udav-1 anti-submarine system )

Anti-air missiles:
4 × 6-cell VLS, for a total of 24 SAM
Barak 8 missiles (Range: 0.5 km (0.31 mi) to 90 km (56 mi) , estimated

Guns:
1 × 76 mm gun Oto Melara SRGM or 130 mm
4 × AK-630 CIWS or 2 × kashtan CIWS

Aircraft carried: 1× Ka-28 or Z-9C

Aviation facilities:
Flight deck
Enclosed hangar for a combination of ASW
Defence facilities of myanmar navy Frigates

-  Search and track radar

           လက်ရှိ MN ရဲ့ ပြည်တွင်းထုတ့် FFG ၃ စီးဖြစ်တဲ့ F11 F12 F14 မှာအသုံးပြုနေတဲ့ airborne early warning (AEW ) and  search radar အဖြစ်  BEL ကထုတ်တဲ့ RAWL-02 MK3 L-band အမျိုးစား made in india radar ကို တပ်ဆင်အသုံးပြုနေသည် . RAWL-02  ဟာ medium to long range 2D radar အမျိုးစားဖြစ်ကာ surveillance ထောက်လှမ်းရေး နဲ့ ရေပြင်  မြေပြင် ကြိုတင်သတိပေးရေဒါဖြစ်ပြီး 270km ထိထောက်လှမ်းနိုင်ပြီး target ပေါင်း 160 ထိကို tracking လုပ်ပေးကာ early warning ပေးနိုင်မှာဖြစ်သည် . နောက်ပြီး အီလက်ထောနစ် တိုက်ခိုက်မှု electronic counter measure ( ECM ) ဒဏ်ကိုကောင်းစွာခံနိုင်သည့် high ECM resistance  ရှိပြီး ( ECM ) ကို Jamming ပြန်လုပ်နိုင်သည့် Electronic Counter Counter Measure ( ECCM )capabilty လည်းရမည့် အဆင့်မြင့် အမျိုးအစား radar တခုလည်းဖြစ်သည် . Built-in Test Equipment ( BITE ) capability ရှိတာကြောင့် radar ပေါ်ရှိ ထောက်လှမ်းရေးအချက်အလက်များမှ  fault data များဖြစ်မှုကိုများစွာလျော့ကျစေကာ system တခုလုံးအပေါ် ယုံကြည်မှုပိုရစေမှာဖြစ်သည် . ထို့ပြင်RAWL02 MK3 radar သည် weapon control system ၁ မျိုးကိုလည်းလမ်းညွှန်နိုင်သော စွမ်းဆောင်ရည်လည်းရှိနေသည်. ထိုအဆင့်မြင့်RAWL-02 radar သည် India က တရားဝင်လိုင်စင်ယူထုတ်လုပ်နေသော  နယ်သာလန်နိုင်ငံ၏ LW-08 radar မှမျိုးကွဲထားသော radar အမျိုးစားဖြစ်သောကြောင့် RAWL-02 radar ၃ စုံကို မြန်မာနိုင်ငံသို့ရောင်းလိုက်သည့်အပေါ်  နယ်သာလန်က EU  sanction နှင့်ညှိနေသောကြောင့်BEL ကို ပြင်းထန်စွာကန့်ကွက်ခဲ့သဖြင့်  မြန်မာနိုင်ငံကို နည်းပညာရောင်းချရန် သဘောတူမှုပေါ်BEL ကဖျက်သိမ်းပေးလိုက်ရသည်. MN အနေနှင့်လည်း radar ၃ စုံသာရလိုက်ကာ  နည်းပညာမရလိုက်သဖြင့်  နောက်ထွက်လာမည့် FFG အပေါ် မည်သည့်အမျိုးစားတပ်ရမည်ကို ခေါင်းခဲရဦးမည်ဖြစ်ပေသည်.

- Myanmar navy မှ soft-killed  countermeasure system

            လတ်ရှိတပ်မတော်ရေရှိ Frigate များ၌ တန်ပြန်စနစ်များကိုအသုံးပြုနေပြီး ထို Countermeasure system ထဲမှ ၁ မျိုးကတော့ Frigate များအနေနှင့် the last shield ဖြစ်သည့် Antiship cruise missile ( ASCM ) များရန်ကို လမ်းလွှဲခြင်းဖြင်းရှောင်ကွင်းစေနိုင်သော ASCM တန်ပြန်နှောက်ယှက်သည့် soft kill system တခုဖြစ်သည်. SRBOC ( super rapid bloom offboard countermeasure chaff and decoy launching system ) ဟုယုံကြည်ရသော ထိုစနစ်တွင် 45° နှင့် 60° အသီးသီးထောင်လျက်ထားသော Launcher tube များပါဝင်ပေသည်.ထိုကဲ့သို degree များချိုး၍စောင်းပေးထားခြင်းကြောင့် effective spread of area ဟုခေါ်သည့်  decoy များ chaff များကောင်းစွာဖြာထွက်နိုင်မှု့ဖြင့်  တဘက်မှဝင်ရောက်လာသော သင်္ဘောဖျက်ဒုံး၏ပစ်မှတ်ရှာ radar ထုတ်လွှတ်ချက်များကို ကောင်းမွန်စွာနှောက်ယှက်နိုင်စေရန်ဖြစ်သည်.ထို့ပြင် 45° စောင်းထားသော launcher များသည် ရေပေါ်တွင်ယှက်လျက်လာသောဒုံးအမျိုးစားဖြစ်သည့် sea-skimming missile များကို နှောက်ယှက်ရန်အတွက်လည်းဖြစ်သည်. ထို့ပြင် ၎င်း launcher များတွင် IR flare ခေါ် အပူလွှတ်ပေးသည့် မီးပွားများထုတ်လွှတ်ကာ သင်္ဘော၏အပူထုတ်လွှတ်မှု့ကိုရှာ၍လာသော ရန်သူ့ ASCM များ၏ပစ်မှတ် မှတ်ပုံတင်စနစ်ကိုနှောက်ယှက်စေနိုင်သည့် စနစ်များလည်းထည့်သွင်းပစ်ခတ်နိုင်သေးသည် . MN ၏ စစ်သင်္ဘောများတွင် ထိုကဲ့သို self defence capability ကိုမြှင့်တက်စေနိုင်သည့် the last shield of ship ဖြစ်သော ယခုကဲ့သို့ countermeasure စနစ်များကိုတပ်ဆင်ထားခြင်းကြောင့် မိမိရေယာဉ်များကို ရန်သူ့ missile များရန်မှ အထိုက်အလျောက်ကင်းဝေးစေလိမ့်မည်ဖြစ်ပေသည်.

-  ASW weapon  platform မှ Large depth charge ( LDC )


                  MN ရဲ့ Frigate များ Corvette များပေါ်တွင် ရေငုပ်တိုက်ဖျက်ရေး လက်နက်စနစ်များ ( ASW weapon platform ) အဖြစ် Rocket Depth Charge RDC များပစ်လွှတ်နိုင်သော RBU-1200 RBU-3200  launcher များ . Torpedo ပစ်လွှတ်နိုင်သော T- tube များကဲ့သို့  stand-off weapon စနစ်များအပြင် နောက်ထပ် ASW tactic တခုအဖြစ် နောက်ထပ် weapon platform တခုကို fixed installation အဖြစ်တပ်ဆင်ထားတာတွေ့ရသည် . ထိုစနစ်ကတော့ Depth charge များကိုပစ်လွှတ်နိုင်သည့် Depth charge motor ခေါ် Depth charge thrower ပင်ဖြစ်သည်. RBU1200/3200 များရှိရက်နှင့် ဘာကြောင့် ထို DC motor ကြီးကိုတပ်ဆင်ထားရသနည်းဟု တချို့ကထင်ကြသည်. တကယ်တမ်းလည်း ထိုစနစ် ၂ မျိုးမှာ သဘောတရားအရ တူညီကြပေသည်. ထိုစနစ်များရဲ့ ဒသနကတော့ သင်္ဘော၏ နောက်မှပစ်ချသော သာမန် Depth charge များကဲ့သို့ အနီးကပ်မှ ရန်သူ့ torpedo ( သို့ ) submarine များကို တန်ပြန်နိုင်သည့်စနစ်မဟုတ်ပဲ  အဝေးတနေရာထိရောက်အောင် launcher များ mortor များသုံးကာ ပစ်ထုတ်ခြင်းပင်ဖြစ်သည်.  သို့သော် RBU များမှ RDC နှင့် Depth Charge thrower မှ Depth Charge များကွာခြားချက်ကတော့ ပေါက်ကွဲမှု့အား explosive limit ပင်ဖြစ်သည်. Thrower မှပစ်လွှတ်သော depth charge များ၏ ပေါက်ကွဲအားသည် RDC ၏ပေါက်ကွဲအား၏ ၅ ခန့်ရှိပေသည်. RBU1200 တွင် launcher tube 5 ခုပါသဖြင့် RBU1200 မှ RDC ၁ တွဲပစ်လွှတ်အားနှင့် Depth charge thrower မှ Depth charge ၁ လုံးပစ်အားနှင့်ညီနေသည်. ထို့ကြောင့် ၎င်း Depth charge thrower ကို Large Depth Charge ( LDC ) ဟုခေါ်ခြင်းလည်းဖြစ်သည်.ထို Depth charge thrower များကို WW-1  WW-2  မှစတင်ကာအသုံးပြုခဲ့ကြခြင်းဖြစ်ကာ အရိုးရှင်းဆုံးနှင့်အထိရောက်ဆုံးစနစ်တခုလည်းဖြစ်သည် . LDC များသည် RDC များလောက် အကွာအဝေးအားဖြင့်မရသော်လည်း AOE ( area of effect )ခေါ်သည့် explosion blast ကိုကြီးမားစွာဖြစ်ပေါ်စေသည့်အတွက် submarine များကို direct hit ရရှိရန် RDC များထက်အခွင့်ရေးနည်းသည့်တိုင်  LDC ၏ပေါက်ကွဲမှု့လွန်စွာပြင်းထန်ခြင်းကြောင့်  ကြီးမားသော area  ကိုပေါက်ကွဲစေလျက် submarine များကို ကောင်းစွာဒုက္ခပေးနိုင်မည်ဖြစ်သည်. သို့သော် MN ၏ ရေယာဉ်တိုင်းတွင် LDC thrower များကို ယခုထပ်ပိုမိုတပ်ဆင်လျက် ၂ ဆင့်  ( သို့ ) ၃ ဆင့်လောပစ်နိုင်ရန် LDC platform တွင် Thrower ၃ ခုလောက်တပ်ဆင်ထားပါက ယခုထက်ပို၍ aggressive ဖြစ်သော defence ကိုပိုင်ဆိုင်နိုင်လိမ့်မည်ဟုသုံးသပ်တင်ပြလိုက်ပါသည်

- Yu-7 Torpedo

                 လက်ရှိတပ်မတော်ရေရဲ့ ပင်မတိုက်ပွဲဝင်သင်္ဘောကြီးများအနေနဲ့ ရေအောက်ကာကွယ်ရေးဖြစ်တဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ASW warfare မှာ လက်ရှိချိန်ထိ လိုအပ်ချက်တွေများစွာ ရှိနေဆဲဖြစ်ပါတယ်. Type053H1 များဖြစ်တဲ့ Bandula နဲ့ Thihathura တို့မှာ RBU 3200 asroc launcher များသာတပ်ဆင်ထားနိုင်ပီး MN ထုတ်ဖြစ်တဲ့ flag ship F11 မှာတော့ RBU 1200 များအပြင် 324mm Yu-7 torpedo tube တွေနဲ့ Heli deck များပါ ပါဝင်လာပါတယ်. F12 F14 တွေရဲ့ လက်နက်စနစ် weaponary suits ပိုင်းတွေမှာတော့ ပြင်ဆင်မှုတွေ ပြောင်းလည်းမှုတွေရှိနေသေးလို့ အတိကျ ထုတ်ပြန်ခြင်းမရှိသေးတာကိုတွေ့နေရပါတယ်. ဒါကြောင့်ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက် weapon platform အပြည့်နဲ့ ပွဲထွက်လာမှာမဟုတ်နိုင်သေးပေမယ့် Yu-7 torpedo ပစ်လွှတ်နိုင်တဲ့ T- tube များကတော့ ပါဝင်လာပြီး သင်္ဘောကိုယ်ထည်ထဲတွင် ထည့်သွင်းမြှပ်နံတည်ဆောက်ထားကာ  လောလောဆယ်တော့ MN ရဲ့ ရေငုပ်တိုက်ဖျက်ရေး လက်နက်စနစ်များဖြစ်သည့် ASW platform မှာ Yu-7 က အဆင့်မြင့်ဆုံး weapon တခုလို့ သတ်မှတ်လို့ရနေပါတယ်.
Yu-7 ဟာ US ရဲ့ Mk 46 Mod 1 ကိုအခြေခံကူးချတည်ဆောက်ထားတဲ့ china ရဲ့ အဆင့်မြင့် ASW သုံး အပေါ့စား light Torpedo အမျိုးစားဖြစ်တယ်. 1989 လောက်မှာ အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီး မကြာခင်မှာ US မှတရားဝင်လိုင်စင်ယူကာ Mk46 Mod 2 အဆင့်ထိမြှင့်တင်ခဲ့ပါတယ်. Yu-7 torpedo တွေဟာ 324mm ရှိကာ 45kg ရှိတဲ့ warhead ကိုတပ်ဆင်ထားကာ torpedo guidance အနေနဲ့ active / passive acoustic homing system ကိုထည့်သွင်းထားပြီး  14 km အကွာထိ ထိန်းချုပ်ပစ်ခတ်နိုင်တယ်. Yu 7 ဟာ ရေအောက်အနက် 400m ကျော်လောက်မှ sub များကို ပစ်ခတ်နှိမ်နင်းနိုင်တဲ့အထိ ပြင်ဆင်ထားတဲ့ torpedo ဖြစ်တဲ့အတွက် enemy sub တွေကို ကောင်းမွန်စွာ ခြိမ်းခြောက်နိုင်မှာဖြစ်တယ်. Made in china ဖြစ်ပေမယ့် သူတို့ကိုတိုင် အချိန်များစွာပေးပီး အကြိမ် ၇၀ နီးပါး အောင်မြင်အောင် ပစ်ခတ်လေ့ကျင့်ခဲ့တဲ့ အမျိုးစားဖြစ်တဲ့အတွက် ယုံကြည်စိတ်ချရမှုအတွက်တော့ လုံလောက်မှုရှိနိုင်လောက်တဲ့ torpedo များဖြစ်တဲ့အပြင် မြန်မာ့တပ်မတော်ရေအတွက် မျှော်လင့်နိုင်လောက်မည့် ရေငုပ်တိုက်ဖျက်ရေးနှင့်ကယ်ဆယ်ရေးသုံး heli ဖြစ်သည့် china ရဲ့ Z9C များတွင်ပါ တပ်ဆင်ထားနိုင်မယ့် အမျိုးစားဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြည်တွင်းဖြစ် Frigate ကြီး များမှာ တပ်ဆင်ဖို့ အထူးသင့်တော်လှပါတယ်. နောက်တခုက 324mm Yu-7 torpedo များ တပ်မတော်ရေ၏ Frigate များတွင်တပ်ဆင်ထားသည်က FFG တွေရဲ့ လွတ်နေတဲ့ Heli deck တွေမှာ Z9 များကို ဘာကြောင့်တွေ့ရဖို့များလည်းဆိုတဲ့ အကြောင်းပြချက်တခုလည်းဖြစ်နေပြန်တယ်.နောက်စိတ်ဝင်စားစရာကတော့ တရုတ်တွေက  သူ့ရဲ့ Yu 7 ဟာ US ရဲ့ Mark 54 MAKO တွေ Russia ရဲ့ APR-3E တွေ UK ရဲ့ sting Ray torpedo တွေနဲ့ တတန်းထဲသတ်မှတ်လို့ရတဲ့ torpedo တွေဆိုတာပါပဲ.

-  AK-630 Close-in weapon system
     
              မြန်မာ့တပ်မတော်(ရေ)တွင် အမာခံကျောရိုးအဖြစ်အသုံးပြုနေသည့် အနီးကပ်ခွင်းစနစ်တခုဖြစ်သော AK630 CIWS သည် Russia ၏အဓိကထားအသုံးပြုနေသည့် AK630 Series မှစနစ်တခုဖြစ်သည်. ၎င်းစနစ်တွင် ၃၀မမ ကျည်များပစ်ခတ်နိုင်သည့် ဆုံလည်ပြောင်း ၆ ခုပါဝင်ထားပြီး ပစ်အားနှုန်းမှာ ၁ မိနစ်လျှင် ကျည်ချက်ပေါင်း ၅၀၀၀ ကျော်ထိရှိသည်. မိမိထံချည်းကပ်လာသော အနိမ့်ပျံ သင်္ဘောဖျက်ဒုံးများ နှင့် ၂ မိုင်အတွင်းဝင်ရောက်လာသည့်အရာမှန်သမျှကို အလိုလျောက်စနစ်ဖြင့် တိကျစွာဖျက်ဆီးနိုင်သည်.

- 14.5mm antiaircraft  AA-gun  from Frigate
       
            Myanmar navy မှ F11 ပေါ်တွင် မူလက AK630 CIWS  ၄ စုံကိုသာသတိထားခဲ့ကြပြီး 14.5mm AA gun ၂ စုံကို အမှတ်တမဲ့သာရှိနေခဲ့ကြသော်လည်း F12 F14 များပွဲထွက်လာချိန်မှာတော့ AK630 CIWS များနှင်အတူ RCWS ဖြစ်နိုင်သည့်စနစ် ၁ မျိုးကိုအာရုံစိုက်လာခဲ့ကြတာကိုတွေ့ရပါတယ်.
14.5 mm Anti Aircraft gun ဖြစ်တဲ့ remote controlနှင့် ရော manual ရောသုံးနိုင်သည့်  RCWS ( remote control weapon station )  ဟာ လတ်ရှိ MN တွင်အသုံးပြုနေသည့် 14.5mm × 6 barrel  AA gun ကို upgrade လုပ်ထားသည့် home made version တခု ဟုတ် မဟုတ် ဆိုတာကတော့ လွန်စွာစိတ်ဝင်စာစိတ်ဝင်စားဖို့ကောင်းနေပြီး ၎င်းနည်းပညာသာအမှန်တကယ်ရရှိလာခဲ့ပါက Fast attack gun boat ( FAC ) များတွင် တပ်ဆင်လာနိုင်လျက် Antiair Warfare တခုကို ယခုထက်ပိုကာ ကောင်းမွန်စွာထမ်းဆောင်လာနိုင်မှာလည်းဖြစ်ပါတယ်.

Supernyi Soe
#Myanmarmilitaryobservers

Friday, June 10, 2016

အမြန်သွားတိုက်ခိုက်ရေး ရေယာဉ် ( FAC )များကို ကမ္ဘာပေါ်မှာ ဆိုဗီယက်တို့အနေနဲ့ ပထမဦးဆုံးစတင်အသုံးပြုခဲ့တာဖြစ်ပြီး အီဂျစ်နိုင်ငံမှ Osa အမျိုးအစား ဆိုဗီယက်ပဲ့ထိန်းဒုံးပျံတင် FAC တစ်စီးမှ ၁၉၆၇ ခုနှစ်တွင် အစ္စရေးနိုင်ငံပိုင် ဖျက်သင်္ဘောအမျိုးအစား Eilat အား ပစ်ခတ်နှစ်မြုပ်နိုင်ခဲ့ပြီးနောက် ပဲ့ထိန်းဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေး ရေယာဉ် ( FAC ) များ၏ အခန်းကဏ္ဍမှာပိုမိုအရေးပါ ကြီးမားလာခဲ့ပါတယ်။


        အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များသည် မိမိ့တို့လို ကာကွယ်ရမဲ့ ကမ်းရိုးတန်းရှည်လျားပြီး အင်အားသေးငယ်လှသော ရေတပ်များအတွက် မိ့မိ့ထက် အင်အားကြီးသော ရေတပ်ကြီးများနဲ့ အင်အားကွာခြားမှု့ကို ကုစားယှဉ်ပြိုင်နိုင်သော Asymmetric နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကမ်းရိုးတန်းရေပြင်များ ၊ ကျွန်းစုပေါများလှသော နိုင်ငံများအတွက် FAC များမှာ များစွာအသုံးဝင်လှသလို အဲ့နေရာများကလည်း FAC တွေအတွက် လှုပ်ရှားစစ်ကစားနိုင်သည့်အကောင်းဆုံးပတ်ဝန်းကျင်များပဲဖြစ်ပါသည်။ ခေတ်သစ် ပဲ့ထိန်းဒုံးပျံတင် FAC များကို တန်ချိန် ၂၅၀ မှ ၅၀၀ အတွင်းတည်ဆောက်ကြ၍ ရေမိုင် ၃၂ မှ ၄၀ အတွင်း ခုတ်မောင်းသွားလာနိုင်ကြပြီး ရေမိုင် ၁၅၀၀ မှ ၄၀၀၀ အတွင်း တစ်ဆက်တစ်စပ်တည်းလှုပ်ရှားသွားလာနိုင်စွမ်းရှိ့
ကြပါတယ်။ ပင်လယ်ပြင်တွင်လည်း ရက်အနည်းငယ် မှ ၁၀ ရက်ခန့်အထိ့ စစ်ဆင်ရေးပေါ်မှုတည်ပြီး တာဝန်ထမ်းဆောင်နိုင်ကြပါတယ်။
     FAC များသည် ၂၀ ရာစုအစောပိုင်းလောက်ကပေါ်ပေါက်လာခဲ့သည့် တော်ပီဒို ရေယာဉ်များကနေ ဆင့်ပွားပေါ်ပေါက်လာခဲ့တာဖြစ်ပြီး နဂိုက ရေယာဉ်ရဲ့ အဓိ့ကလက်နက်အဖြစ် ၄၀၀ မီလီမီတာ ၊ ၅၃၃ မီလီမီတာ တောပီဒို များကို တပ်ဆင်အသုံးပြုကြပြီး ၁၉၆၀ ပြည့်နှစ်တွင် ဆိုဗီယက် တို့ရဲ့ ရေပြင်မှ ရေပြင်ပစ် ပဲ့ထိန်းဒုံးပျံများ ပေါ်ပေါက်လာခြင်းနဲ့အတူ ဒုံးပျံတင် FAC များကိုဆန်းသစ်အသုံးပြုခဲ့ကြခြင်းဖြစ်ပါတယ်။ ထို့အတွက်ကြောင့် FAC များရဲ့ အဓိကလက်နက်ဖြစ်တဲ့ တော်ပီဒိုများနေရာသို့ ပဲ့ထိန်းဒုံးပျံများ အစားထိုးဝင်ရောက်လာခဲ့ပါတော့တယ်။ FAC များအနေဖြင့် ကမ်းခြေမှ မိုင်ပေါင်းထောင်ချီဝေးကွာသောပင်လယ်ပြင်တွင် တာဝန်ထမ်းဆောင်ရန်အတွက် ကြံ့ခိုင်မှု့ရှိ့သည့်ရေယာဉ်ကိုယ်ထည်တည်ဆောက်မှု့ပုံစံမဟုတ်သော်လည်း ရေယာဉ်မှာတပ်ဆင်ထားတဲ့ အဓိကလက်နက်ဖြစ်တဲ့  ပဲ့ထိန်းဒုံးပျံများအနေဖြင့် မိုင်ပေါင်းရာချီပြီးတော့ ထိ့ရောက်မှု့ကောင်းကောင်းနဲ့ ပစ်ခတ်နိုင်စွမ်းရှိ့တဲ့ အတွက် မိ့မိ့ပိုင်နက်ပင်လယ်ပြင်ကာကွယ်ရေးအတွက် အင်အားကြီးမားသော အခန်းကဏ္ဍမှပါဝင်ပေသည်။
         FAC အများစုအနေနှင့် advance ဖြစ်တဲ့  လေကြောင်းရန်ကာကွယ်ရေးစနစ် တပ်ဆင်ထားမှု့ မရှိ့သလောက်နည်းပါးပြီး တကယ်လို့ လက်နက်စနစ် တပ်ဆင်ထားသည့်တိုင်အောင် လမ်းညွှန်ရေဒါများအနေဖြင့် ရေယာဉ်ရှိ့တပ်ဆင်မဲ့  Tower အနေအထား အရလုံလောက်သောအမြင့်တွင်တပ်ဆင်နိုင်မှု့မရှိ့သောကြောင့် လက်နက်စနစ်များအနေနဲ့ ထိ့ရောက်မှု့နည်ပါးမှာပဲဖြစ်ပါတယ်။ FAC များမှာ ပုံမှန်အားဖြင့် AShM ကို ၄ စင်းမှ ၈ စင်း ၊ ၇၆ မမ သို့မဟုတ် ၅၇ မမ နှင့် ၂၀ မမ သို့မဟုတ် ၄၀ မမ ရေတပ်သုံးအမြောက်များကို တပ်ဆင်အသုံးပြုလေ့ ရှိ့ကြပါတယ်။ ယနေ့ခေတ်မှာတော့ AShM တပ်ဆင်ထားသည့် FAC များကို FAC missile နှင့် အမြောက်များတပ်ဆင်အသုံးပြုသည့် FAC များကိုတော့ FAC Gun အဖြစ်ခွဲခြားသတ်မှတ်ထားပါတယ်။ ပဲ့ထိန်းဒုံးပျံတင် FAC များအနေဖြင့် မိ့မိ့တွင်တပ်ဆင်ထားသော AShM ပစ်ခတ်နိုင်သော အကွာအဝေးထိ့ ချဉ်းကပ်နိုင်ပါက ရန်သူ့စစ်ရေယာဉ်ကြီးတစ်စီးအား အန္တရာယ် ကြီးမားစွာကြရောက်အောင် သို့မဟုတ် နစ်မြုပ်သွားအောင် ပြုလုပ်နိုင်စွမ်းရှိ့ကြပါတယ်။ သို့ဖြစ်၍ FAC များရဲ့ တိုက်စွမ်းအားမြင့်မားလာစေရန် ယင်းတို့တွင်တပ်ဆင်ထားသော AShM များရဲ့ ပစ်ခတ်နိုင်မှု့အကွာအဝေးအနေနဲ့ ထိ့ရောက်မှု့ရှိ့ပြီး တစ်ဖက်ရန်သူ့စစ်သင်္ဘောကို ခြိမ်းခြောက်နိုင်တဲ့အကွာအဝေးဖြစ်ရန်လိုအပ်တဲ့အပြင် ယင်းအကွာအဝေးကို ရောက်ရှိ့ထောက်လှမ်းနိုင်တဲ့ အာရုံခံကိရိယာများနှင့်တွဲဖက်တပ်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် FAC တွေအနေနဲ့ Fleet တစ်ခုရဲ့ offensive role အတွက်အခြားသောရေယာဉ်များဖြင့် ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ရန်သူ့ရေယာဉ်များရဲ့ စုံစမ်းထောက်လှမ်းနိုင်မှု့အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မိ့မိ့မှ ရန်သူအား ဦးစွာတွေ့မြင် စစ်ဆင်နိုင်ရေးအတွက် ရေယာဉ်တွင်တပ်ဆင်ထားသော အာရုံခံကိရိယာများအနေနဲ့ ကောင်းမွန်ရန်လိုအပ်သလို သတင်းအချက်အလက်ရရှိ့နိုင်မည့် အခြားသော အရင်းအမြစ်များနှင့်လည်း ပေါင်းစပ်စစ်ဆင်နိုင်စွမ်းရှိ့ရမည် ဖြစ်ပေသည်။
             အင်အားသေးငယ်လှသော ရေတပ်များအဖို့ အင်အားကြီးမားသော ရေတပ်များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်ရှိ့သော် အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များစွာအသုံးပြုပြီး ဝိုင်းအုံစုပြုံ ၍ တိုက်ခိုက်ခြင်းနည်းစနစ် ( Swarming Tactics ) ကျင့်သုံးခြင်းသည်သာလျင်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပေသည်။ ထိုတိုက်ခိုက်ခြင်းနည်းစနစ် ထိ့ရောက်ကြောင်းကိုလည်း ၂၀၀၂ ခုနှစ်တွင် အမေရိကန်မရိန်းတပ်ဖွဲ့မှ အငြိမ်းစား L.t.General Paul Van Riper က ရေတပ်စစ်ရေးလေ့ကျင့်ခန်းကြီးတစ်ခုပြုလုပ်ပြီး လက်တွေ့သက်သေပြသထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှု့တွင် အမေရိကန် ရေတပ် တပ်ဖွဲ့တွေကို အနီရောင်တပ်ဖွဲ့ နှင့် အပြာရောင်တပ်ဖွဲ့ ဆိုပြီးနှစ်ဖွဲ့ခွဲကာ အနီရောင်တပ်ဖွဲ့ကိုတော့ L.t.General Paul Van Riper ကဦးဆောင်ပြီး လက်တွေ့စစ်ရေးလေ့ကျင့်ခဲ့ကြတာဖြစ်ပါတယ်။ ထိုလေ့ကျင့်မှု့တွင် အနီရောင်တပ်ဖွဲ့ဘက်မှ အမြောက်နဲ့ ဒုံးပျံတင် FAC များ ၊ ဝေဟင်နဲ့ မြေပြင်အခြေစိုက် ပဲ့ထိန်းဒုံးပျံများ ၊ အသေခံဗုံးခွဲတိုက်ခိုက်သည့် ရေယာဉ်ငယ်များစွာ ဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အပြာရောင်တပ်ဖွဲ့ဘက်မှ လေယာဉ်တင်သင်္ဘောတစ်စီးအပါအဝင် စစ်ရေယာဉ်မျိုးစုံ ၁၆ စင်းခန့်ကိုနှစ်မြုပ်နိုင်ခဲ့ကြပါတယ်။
      Swarming tactics ဖြင့်တိုက်ခိုက်ခြင်းနည်း ၂ မျိုးရှိ့ရာ ထိုလေ့ကျင့်မှု့မှာ L.t.General Paul Van Riper ဦးဆောင်တဲ့ အနီတပ်ဖွဲ့အနေဖြင့်  နည်းတစ်နည်းဖြစ်တဲ့ Dispersed Swarming Tactics ( DST ) နည်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ DST တွင် အဓိကအနေနဲ့ ပဲ့ထိန်းဒုံးတပ် FAC များ ၊ အကွာအဝေးများစွာ ပစ်ခတ်နိုင်တဲ့ မြေပြင်အခြေစိုက် Coastal defence စနစ် ပဲ့ထိန်းဒုံးပျံများ ၊ ရန်သူနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်များ စုံစမ်းထောက်လှမ်းခြင်း ၊ လျှို့ဝှက်မိုင်းခင်းခြင်းများ ၊ သမားရိုးကျရော အထူးစစ်ဆင်ရေးများတွင်ပါ အသုံးပြုမည့် ဒီဇယ်ရေငုပ်သင်္ဘောများ ၊ ထောက်လှမ်းရေးမောင်းသူမဲ့ လေယာဉ်ငယ်များ နှင့် အကွာအဝေးအလယ်အလတ်အဆင့်ထိ့ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးပျံများ အစရှိ့သည်တို့ပါဝင်ပါသည်။
        မိ့မိ့တို့ ရေတပ်အနေဖြင့်လည်း ရှည်လျားလှတဲ့ ပင်လယ်ကမ်းရိုးတန်းကို ကာကွယ်နိုင်စွမ်းအပြည့်ရှိ့အောင် ရေတပ်ကိုအများနည်းတူ အဆင့်မြင့်တင်လျက်ရှိ့ရာ layer defence စနစ်တစ်ခုကို အောင်အောင်မြင်မြင်ဖော်ဆောင်နိုင်နေပြီဖြစ်ပါတယ်။ အဲ့အထဲမှာ  အရေအတွက်များပြားစွာ ရှိ့နေတဲ့ FAC တွေကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်နေတာလည်းဖြစ်ပါတယ်။
လေကာ အားနည်းတဲ့ AShM ၄ စင်းတင်ဆောင်ထားတဲ့ 491 လို stealth FAC ၅ စီးကို AD ပိုင်းအတွက် တာလတ် ၊ တာတို ၊ PD စနစ်တွေပြည့်ပြည့်စုံစုံ ပါဝင်တဲ့ FFG တစ်စီး ၊ ASW role ပြည်ပြည့်စုံစုံတပ်ဆင်လာမဲ့ Covette တစ်စီး စုစုပေါင်း ၇ စီး သူ့နောက်မှာ မြေပြင် ဝေဟင်  Costal defence စနစ် စတာတွေကို integrate စနစ်ကောင်းကောင်း နဲ့ ပေါင်းစပ်ထိန်းချုပ်နိုင်လျင် မြန်မာ့ ပိုင်နက် ရေမိုင် ၂၀၀ အတွင်းဝင်ရောက်လာမဲ့ ရေယာဉ်တစ်စီးခြင်းသော်လည်းကောင်း ရေယာဉ်အုပ်သော်လည်းကောင်း ကြိုတင်အကြောင်းကြားဖို့တော့ လိုပါလိမ့်မယ်
နို့မို့ဆိုရင်တော့ ...........

  .......  မိုးတိမ်  .......
Myanmar Military Observers
"  မှုရင်းက မှုရင်း ကော်ပီက ကော်ပီပါပဲ "

  အနီးကပ်လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်တွေကို အဓိကအားဖြင့် မိ့မိ့ရေယာဉ်အပါအဝင် မိ့မိ့ရေယာဉ်အုပ်စုရဲ့ ခံစစ်ဧရိယာအတွင်း ဝင်ရောက်လာမဲ့ ပုံစံမျိုးစုံသောပစ်မှတ်တွေကိုတန်ပြန်ပစ်ခတ်ရန်နှင့် ပစ်ချဖျက်စီးဖို့ အတွက် နောက်ဆုံးခံစစ်လက်နက် ( PD )အဖြစ် ထီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အဲဒီ့ထဲကမှ အမေရိကန် လက်နက်ကုမ္မဏီဖြစ်တဲ့ General dynamics ကနေ ဒီဇိုင်းထုတ်စမ်းသပ်မှု့ကို ၁၉၇၆ခုနှစ်မှာစတင်လုပ်ဆောင်ခဲ့ပြီး Raytheon နဲ့ ဂျာမနီ လက်နက်ကုမ္မဏီတွေဖြစ်တဲ့ LFK, Diehl BGT Defence and RAMSYS တို့ကနေ ၁၉၈၇ခုနှစ် မှာ ပူးပေါင်းထုတ်လုပ်လိုက်တဲ့ sea RAM လက်နက်စနစ်ဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အမေရိကန်ရဲ့ နာမည်ကျော်အနီးကပ်လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်တစ်ခုဖြစ်တဲ့ Phalanx CIWS စနစ်အပေါ်အခြေခံထားပြီး Phalanx ရဲ့  M601A1 Gatling gun နေရာမှာ missile ကိုပြောင်းလဲတပ်ဆင်လိုက်တဲ့ MK-15 Phalanx bolck 1B mod seaRAM  and RAM လက်နစ်စနစ်တို့ဖြစ်ပါတယ်။ seaRAM နှင့် RAM  အနီးကပ်လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်ကို နောက်ဆုံးပေါ် RIM-116 Rolling airframe missile - RAM( ဒုံးကို  သေနတ်ပြောင်းမှ ကျည်ဆံ လည်ပြီးထွက်သွားစေသလို launch အတွင်းမှ သတ်မှတ်ထားတဲ့ လမ်းကြာင်းအတိုင်း ဒုံးကို ပစ်မှတ်ရှိ့ရာဆီ လည်ပတ်ပြီးထွက်သွားစေတဲ့ frame တည်ဆောက်မှု့မျိုးပါဝင်) Guided missiles သုံး range များပြီး တိကျမှန်ကန်မှု့မှာလည်း အခြားလက်နက်စနစ်တွေထက်သာလွန်တဲ့ ကမ္ဘာပေါ်မှာတစ်ခုထဲရှိ့သော နည်းပညာမြင့်စနစ်တစ်ခုဖြစ်ပါတယ်။ seaRAM ကိုပေါ့ပါးအောင်တည်ဆောက်ထားသလို အသံထက်မြန်တဲ့ missile သုံးပစ်ခတ်မှု့ စနစ်ဖြစ်တာနဲ့အညီ naval vessels တွေအတွက် အကာအကွယ်ပေးနိုင်မှု့မြင့်မားပြီး တုံ့ပြန့်မှု့ မြန်ဆန်တဲ့ စနစ်ဖြစ်အောင် ရည်ရွယ်တည်ဆောက်ထားပါတယ်။ ပစ်မှတ်ရှာဖွေမှု့နှင့် ပစ်ခတ်မှု့အတွက် အနီအောက်ရောင်ခြည်သုံး လမ်းညွှန်စနစ်နဲ့ dual-mode passive radio frequency (RF) system ကိုအသုံးပြုထားပြီး anti-ship cruise missiles and asymmetric air and surface threats( including helicopter/other airborne threats and enemy surface vessels )စတာတွေကို ကြားဖြတ်ဟန့်တားပြီး တိုက်ရိုက်ပစ်ခတ်ဖျက်စီးဖို့ပဲဖြစ်ပါတယ်။


Guided missile luncher အနေဖြင့် Phalanx MK 15 ရဲ့ပစ်မှတ် ရှာဖွေမှု့ ၊ ရွေးချယ်မှု့ ၊ ပစ်ခတ်မှု့လမ်းညွှန်စနစ် စတာတွေပေါ်အခြေခံထားတဲ့ MK-15 phalanx block 1B mod seaRAM  11 Luncher ပါ MK 44 GMRP နှင့်  ပစ်မှတ် ရှာဖွေမှု့၊ ရွေးချယ်မှု့ ၊ ပစ်ခတ်မှု့လမ်းညွှန်စနစ်တွေအတွက် ရေယာဉ်ပေါ်တပ်ဆင်ထားတဲ့ ship self-defense system ( SSDS ) MK1or Mk 2 ရဲ့ radar or sensor အသုံးပြုထားတဲ့ RAM ( MK44 guided missile round pack (GMRP) and MK49 guided missile launching system(GMLS) ) စနစ်ဟူ၍ နှစ်မျိုးရှိ့ပါတယ်။ RAM ရဲ့MK44 GMRP အနေနဲ့ ဒုံး(21)စင်းပါဝင်ပြီး MK49 GMLS စနစ်တစ်ခုနှင့် MK 31Guided missile weapon system(GMWS)စနစ်တို့ပါဝင်ပါတယ်။ RIM-116 RAM ကို  AIM-9 sidewinder air to air missile( AAM )  ရဲ့ warhead and rocket motor နည်းပညာ နဲ့  FIM-92 Stinger missile ရဲ့ အနီအောက်ရောင်ခြည်သုံးရှာဖွေမှု့ နည်းပညာအဲ့နှစ်မျိုးကိုပေါင်းစပ် အသုံးပြုထားပါတယ်။ MK 31 GMWS ကို HAS အနေဖြင့် အဆင့်မြင့်တင်ခဲ့ပြီး ခေတ်သစ်ရေယာဉ် အများစုမှာတပ်ဆင်အသုံးပြုနေတဲ့ နာမည်ကျော် ဒုံးစနစ်တစ်ခုဖြစ်ပါတယ်။ Raytheon အနေဖြင့် RIM-116 RAM ကိုပစ်မှတ်စမ်းသပ်ပစ်ခတ်မှု့ ၃၀၀ ကျော် ပြုလုပ်ခဲ့ပြီးပစ်ခတ်မှု့အားလုံး ပစ်မှတ်ကိုထိ့ရောက်မှု့ ၉၅% ကျော်ကျော်ထိ့အောင်မြင်ခဲ့တဲ့စနစ်တစ်ခုလည်းဖြစ်ပါတယ်။ seaRAM and RAM ကို တန် ၅၀၀ အလေးချိန်ရှိ့ Fast attack craft ကနေ တန် ၉၅၀၀၀ အလေးချိန်ရှိ့ carrier craft တွေအထိ့ တပ်ဆင်နိုင်ပြီး နိုင်ငံ ၈ နိုင်ငံမှာ ရှိ့တဲ့ ရေယာဉ် ၁၆၅ စင်း မှာ လက်ရှိ့တပ်ဆင်အသုံးပြုနေတဲ့စနစ်တစ်ခုလည်းဖြစ်ပါတယ်။ ထုတ်လုပ်ပြီး RIM-116 Block 0 (RIM-116A), Block 1 (RIM-116B) and Block 2 (RIM-116C) ဆိုပြီးအမျိုးအစားသုံးမျိုးရှိ့ပါတယ်။
Block 0 အနေဖြင့် မှုရင်း seaRAM (same rocket motor, fuze, and warhead as the AIM-9 Sidewinder air-to-air missile) အမျိုးအစားဖြစ်ပါတယ်။

Block 1 အနေဖြင့် block 0 မှာပါဝင်တဲ့ အနီအောက်ရောင်ခြည်သုံးလမ်းညွှန်စနစ် ၊ dual-mode passive Radio Frequency/Infrared (RF/IR) စတဲ့စနစ်တွေကို အဆင့်ထပ်မြင့်ထားတဲ့ အမျိုးအစားဖြစ်ကာ GMLS အနေနဲ့ MK 49 GMLS စနစ်ကိုအသုံးပြုထားပြီး ၂၀၀၈ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။

Block 2 မှာတော့ block 1 ထက်အဆင့်ထပ်မြင့်ထားတဲ့ RAM အပါအဝင် kinematic and RF receiver upgrade, a larger and more powerful rocket motor, and an advanced control section အစရှိ့တာတွေကိုပါ အဆင့်မြင့်တင်မှု့ပြုလုပ်ထားတာပါ။ GMLS အနေနဲ့ MK 49 GMLS စနစ်ကိုအသုံးပြုထားပြီး ၂၀၁၃ခုနှစ် မှာထုတ်လုပ်မှုစတင်ခဲ့ပါတယ်။
          RIM-116 Rolling Airframe Missile ( RAM ) စနစ်ကိုပုံတူကူးထားတဲ့ အခြားလက်နက် စနစ်တစ်မျိုးလည်းရှိ့နေပါသေးတယ်။

 Flying leopard ( FL-3000N )
         
              FL-3000N ကို China Aerospace Science and Industry Corporation (CASIC) ကနေ Type 056 class ကော်ဗတ်တွေနဲ့ Liaoning aircraft carrier ပေါ်မှာတင်ဆောင်ဖို့အတွက်ထုတ်လုပ်ခဲ့တဲ့ Short range Air defense system တစ်မျိုးဖြစ်ပါတယ်။ သူ့ရည်ရွယ်ချက်က မိ့မိ့စစ်သင်္ဘောကို ဘက်ပေါင်းစုံက ဝင်ရောက်လာမဲ့ မတူညီတဲ့ တိုက်ခိုက်မှု့ပုံစံတွေရဲ့ ရန်ကနေကာကွယ်ရန် ဒီဇိုင်းထုတ် ထုတ်လုပ်ခဲ့တာဖြစ်ပြီး အမေရိကန် လက်နက်ကုမ္မဏီတစ်ခုဖြစ်တဲ့ Raytheon ရဲ့ နာမည်ကြီး  RIM-116 Rolling Airframe Missile (RAM) စနစ်အပေါ်မှာ ကော်ပီပွား ထားတာလဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စွမ်းဆောင်ရည်ပိုင်းကတော့ တော်တော်ကောင်းတဲ့အနေအထားပါ။ Multiple, highly maneuverable or sea-skimming  စွမ်းရည်ရှိ့ subsonic and supersonic threats   တွေကိုတု့န်ပြန်နိုင်စွမ်းရှိ့ပြီး အသံထက် ၂.၅ ဆ အမြန်နှုန်းဖြင့် lock လုပ်ပြီး ၃ စက္ကန့်အတွင်း ပစ်ခတ်ဖျက်စီးနိုင်ပါတယ်။ ဖျက်စီးနိုင်မှု့ Max range အနေနဲ့ subsonic ပစ်မှတ်တွေအတွက် ၉ ကီလိုမီတာ ၊ supersonic ပစ်မှတ်တွေအတွက် ၆ ကီလိုမီတာ ရှိ့ပါတယ်။ Fire and forget စနစ်ဖြစ်ပြီး Missile အတွက် dual Passive Radio Frequency ( RF )  and Imaging Infra-Red seeker လမ်းညွှန်မှု့ နှစ်မျိုးလုံးကို အသုံးပြုထားပါတယ်။ FL-3000N  missile အနေနဲ့ maneuverability စွမ်းရည် 20G အထိ့ရှိ့ပြီး Launcher စနစ်အနေနဲ့  24 cell and 8 cell ဆိုပြီး စနစ်နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ မိ့မိ့တို့အိမ်နီးချင်း ဘင်္ဂလား ရေတပ်ရဲ့ Covette အသစ်တွေပေါ်မှာလည်းတပ်ဆင်အသုံးပြုထားတဲ့ စနစ်တစ်ခုဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

....... မိုးတိမ် ........
Myanmar Military Observers
ဘာလင်တိုက်ပွဲ
                              အပိုင်း(၁)
--------------------------------------------------------
ဘာလင်တိုက်ပွဲဆိုသည်မှာ လူသန်းတစ်ရာခန့့် သေကြေပျက်စီးခဲ့ရသည့် ဒုတိယကမ္ဘာစစ်၏ နာမည်ကျော်တိုက်ပွဲများထဲတွင် တစ်ခုအပါအ၀င်ဖြစ်သောတိုက်ပွဲတစ်ခုဖြစ်ပါသည်။၎င်းတိုက်ပွဲ၏ ရလဒ်အနေဖြင့်ဟစ်တလာ၏ တတိယဂျာမန်အင်ပါယာ တည်ထောင်ရေးအိပ်မက်မှာအဆုံးသတ်ခဲ့ရပြီး ဥရောပတွင်ဒုတိယကမ္ဘာစစ်မီးခြုပ်ငြိမ်းခဲ့ရပါသည်။

D-Dayတိုက်ပွဲဟုနာမည်ကျော်ကြားသည့်၁၉၄၄ ခုနှစ်ဇွန်လတွင် ဗိုလ်ချုပ် အိုင်ဆင်ဟောင်းဝါး အုပ်ချုပ်သောမဟာမိတ်တပ်ပေါင်းစုသည် ပြင်သစ်နိုင်ငံနော်မန်ဒီကမ်းခြေမှ ဥရောပတိုက်သို့ တက်ရောက်ခဲ့ကြပါသည်။စိန့် လိုးမြို့ ကျဆုံးပြီးနောက် ဂျာမန်တပ်များမှာနောက်သို့ တစ်ဆုတ်ထဲဆုတ်နေကြရကာ နောက်သုံးပတ်မျှကြာသောအခါ အမေရိကန်နှင့်ပြင်သစ်တပ်တို့ သည်မြေထဲပင်လယ် ကမ်းခြေမှနေ၍ပြင်သစ်နိုင်ငံအပေါ်သို့ တက်ရောက်ခဲ့ပြီးလျှင် သြဂုတ်လ ၂၅ ရက်နေ့ တွင်ပြင်သစ်နိုင်ငံပါရီမြို့ ကိုသိမ်းပိုက်မိကြသည်။မဟာမိတ်တပ်ပေါင်းစုသည် ဆုတ်ခွာလျက်ရှိသာဂျာမန်တပ်များကို လိုက်လံတိုက်ခိုက်ရင်းရှေ့ သို့ တွင်တွင်ကြီးချီတက်လျက် ဘယ်ဂျီယံ၊လပ်ဖင်ဘတ်နှင့်ဟော်လန် စသောနိုင်ငံများကို ဂျာမန်တို့ လက်မှကယ်တင်နိုင်ခဲ့သည်။

အင်္ဂလိပ်ရေလက်ကြားကိုလည်းပြန်လည်စိုးမိုးနိုင်ခဲ့ပြီးဂျာမန်တို့ မှာပြင်သစ်နိုင်ငံမှ
တဖြည်းဖြည်းနှင်ထုတ်ခြင်းခံနေရသည်။ ဆိုဗီယက်စစ်မျက်နှာတွင်လဲ ဆိုဗီယက်တို့ သည် လီနင်ဂရက်နှင့် မော်စကိုတိုက်ပွဲများတွင်ဂျာမန်တို့ အားတွန်းလှန်တိုက်ထုတ်နိုင်ခဲ့ပြီး ၁၉၄၅ ခုနှစ်ဆန်းတွင် ပိုလန်နှင့်ဗော်လတစ်နိုင်ငံများကိုပြန်လည်သိမ်းပိုကနိုင်ခဲ့သည်။ဂျာမန်လက်အတတွင်းကိရာက်နေရသော ရူမေးနီးယား၊ဘူဂေးရီးယား၊ဖင်လန်စသော နိုင်ငံများသည်လည်းဆိုဗီယက်တို့ ထံတွင်လက်နက်ချခဲ့ရသည်။ယခင်ဂျာမနီ၏မဟာမိတ်နိုင်ငံများကပင် ဂျာမနီအားစစ်ကြေငြာ၍ပြန်လှန်တိုက်ခိုက်ကျသည်။ ဂရိနိုင်ငံကိုလည်း ၁၉၄၄ နို)င်ဘာလတွင်ကယ်တင်နိုင်လိုက်သည်။ဤသို့ ဖြင့်ဥရောပတွင်ဂျာမနီနိုင်ငံတစ်ဦးတည်းသာ ကျန်ရှိတော့လေသည်။

၁၉၄၅ ခုနှစ် နွေဦးတွင် မဟာမိတ်တပ်ပေါင်းစုသည် ဂျာမနီတွင်အပြင်းအထန်ထိုးစစ်ဆင်ကာရိုင်းမြစ်ကိုဖြတ်ကူး၍ ဂျာမန်မြို့ ကြီးများကိုသိမ်းယူလေသည်။ဇန်န၀ါရီ ၁၂ရက် ၁၉၄၅ တွင် ဆိုဗီယက်တပ်နီတော်ဟာ ၀ါဆောနိုင်ငံမှနေပြီး နာရူးမြစ်ကိုဖြတ်၍ Vistula-Oder ထိုးစစ်ကိုစတင်ခဲ့ပါသည်။စစ်မျက်နှာလေးခုခွဲကာ သုံးရက်ကြာ ဂျာမန်တို့ အားတိုက်စစ်ဆင်ဆင်ခဲ့ကြပြိး လေးရက်မြောက်နေ့ မှစကာ တနေ့လျှင် ၁၉ မိုင်မှ ၂၅ မိုင်အထိ အနောက်ဖက်သို့ ချီတက်ခဲ့ပြီး အရှေ့ ပရပ်ရှား၊ဒန်ဇစ်နှင့် ပေါ့နန်တို့ အားသိမ်းယူကာ ဘာလင်၏အရှေ့ ဖက် ၃၇ မိုင်အကွာရှိအိုဒါ မြစ်တစ်လျောက်တွင်နေရာယူထားခဲ့ပါသည်။
Reichsführer-SS Heinrich Himmler ၏ကွပ်ကဲမှုအောက်တွင် ဂျာမန်တို့ သည်တပ်များ ပြန်လည်စုဖွဲ့ လျက် တုန့့် ပြန်တိုက်ခိုက်ခဲ့သော်လဲအောင်မြင်မှုမရခဲ့ချေ။ထိုအချိန်မှစ၍ မဟာမိတ်တို့ မှာ ဘာလင်အနောက်ဘက် မိုင်၆၀အကွာတွင်လည်းကောင်း ဆိုဗီယက်တို့ က အရှေ့ ဘက်၃၇ မိုင်အကွာတွင်လည်းကောင်း ဇန်န၀ါရီ နှင့် ဖေဖော်ဝါရီနှစ်လလုံးတပ်စွဲထားခဲ့ပါသည်။

တောင်ဘက်တွင်တော့ ဘူတာဘတ် မြို့ မှာတပ်နီတော်၏၀ိုင်းရံထားခြင်းကိုခံနေရပြီး ဂျာမန် တပ်မသုံးခုမှ ဟန်ဂေရီနိုင်ငံ၏မြို့ တော်ကျမသွားရလေအောင်ခုခံလျက်ရှိကြသည်။သို့ သော်ဖေဖော်ဝါရီ ၁၃ ရက်နေ့ တွင် ဘူတာဘတ်မြို့ မှာ ဆိုဗီယက်တို့ လက်အတွင်းသို့ ရောက်ရှိခဲ့ပါတယ်။ဟစ်တလာမှာ Drau-Danubu တြိခံဒေသသကို ပြန်လည်သိမ်းပိုက်နိုင်ရန်စိတ်အားထက်သန်လျက်ရှိကာDrau-Danube triangle ကိုပြန်လည်သိမ်းပိုက်နိုင်ခြင်းဖြင့် ရေနံထုတ်ဒေသဖြစ်သည့် Nagykanizsa နှင့် အနာဂတ်တွင်ပြန်လည်ထိုးစစ်ဆင်နိုင်ရန်အချက်အခြာကျသည့် Danube မြစ်တို့ ကို ထိမ်းချုပ်ထားနိုင်မှာဖြစ်ပါသည်။ ဒါပေမဲ့အင်အားယုတ်လျော့နေတဲ့ဂျာမန်တွေအတွက်တော့မဖြစ်နိုင်တဲ့တာဝန်တစ်ခုပင်ဖြစ်၍ မတ်လ ၁၆ ရက်တွင်တော့ဂျာမန်တို့ ၏ ဘယ်လတွန် ရေကန် ပြန်လည်သိမ်းပိုက်နိုင်ရေးမစ်ရှင်မှာ ကျဆုံးခဲ့ရပြန်သည်။ထို့ အပြင် ဂျာမန်တို့ ၁၀ ရက်အကြာတိုက်စစ်ဆင်သိမ်းပိုက်ထားသော နယ်မြေကို တပ်နီတော်မှ ၂၄ နာရီအတွင်းပြန်လည်ရယူနိုင်ခဲ့ပြန်သည်။

မတ်လ ၂၀ရက်နေ့ တွင်ဆိုဗီယက်တို့ တို့ သည် Austria နိုင်ငံကိုထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကာ ဧပရယ် ၁၃ ရက်တွင်မြို့ တော် ဗီယင်နာ ကိုသိမ်းပိုက်ရရှိခဲ့သည်။၁၉၄၄ ဂျွန်လနှင့် စက်တင်ဘာလများတွင် စစ်သည်တစ်သန်းခန့် ဆုံးရှုံးခဲ့ရပြီးဖြစ်သော ဂျာမန်တပ်မတော်သည် စက်သုံးဆီနှင့်လက်နက်များစွာကို  ထိရောက်စွာပြန်လည်ထိုးစစ်ဆင်နိုင်ရန်လိုအပ်လျက်ရှိနေပါသည်။အကြံပေးပုဂ္ဂုလ်များမှ မြို့ တော်မှခဏ
စွန့် ခွာရှောင်တိမ်းရန်အကြံပေးချက်ကိုလက်မခံဘဲ ဘာလင်မြို့ လည်ဘန်ကာထဲတွေနေထိုင်ခဲ့သော ဟစ်တလာဟာ ဧပရယ်လ ၁၂ ရက်မှာ အမရိကန် သမ္မတအသစ် Franklin D. Roosevelt သေဆုံးပြီဟူသောသတင်းကြားခဲ့ပါသည်။ထိုသတင်းကို ဟစ်တလာမှယုံကြည်ကာ ဘာလင်၏နောက်ဆုံးအချိန်များအထိမြို့ တွင်းမှကြံကြံခံကာကွယ်ရင်း မိမိတို့ ပြန်လည်အောင်ပွဲဆင်နိုင်ရန်မျှော်လင့်ခဲ့သည်။

အနောက်ဖက်ရှိမဟာမိတ်တပ်များဖက်တွင်တော့ ဘာလင်မြို့ ကို မြေပြင်ထိုးစစ်ဖြင့်တိုက်ခိုက်ရန် အစီအစဉ်မရှိပေ။အနောက်ဖက်စစ်မျက်နှာ၏ ဗိုလ်ချုပ်ကြီး အိုင်ဆင်ဟောင်ဝါးသည် ဘာလင်မြို့ သိမ်းတိုက်ပွဲကို ဆင်နွဲခြင်းဖြင့် မိမိတပ်သားများ မဆုံးရှုံးလိုတော့ပေ။ထို့ အပြင် ဆိုဗီယက်နှင့်မဟာမိတ်တို့ မြို့ တစ်ခုတည်းကိုနှစ်ဖက်မှပြိုင်တူသိမ်းပိုက်ကြခြင်းဖြင့် အချင်းချင်းမှားယွင်းပစ်ခတ်မှုများများစွာဖြစ်နိုင်သည်ဟုယူဆ၍လေကြောင်းမှသာအဓိကထိုးစစ်ဆင်ခဲ့ပါသည်။။

ဆိုဗီယက်တို့ မှာမူ ဗဟိုဂျာမနီ(နောင်အခါအရှေ့ ဂျာမနီ)ကို ရည်ရွယ်ချက်နှစ်ခုဖြင့် သိမ်းးပိုက်လိုခဲ့သည်။မဟာမိတ်တို့ သည် မိမိတို့ ထက်အရင်သိမ်းပိုက်မိသည့်နယ်မြေများကို စစ်ပြီးကာလတွင်လက်လွှတ်လိမ့်မည်မဟုတ်ဟု စတာလင်မှယုံကြည်ခဲ့ကာ တတ်နိုင်သမျှစစ်မျက်နှာကို အမြန်ကျယ်ပြန့် စွာဖွင့်ကာ မဟာမိတ်တို့ နှင့် တွေ့ ဆုံလိုခဲ့သည်။ထို့အပြင် စစ်ပြီးခေတ်တွင်ဘာလင်မှာမဟာဗျူဟာအရ အရေးပါလာမည်ဖြစ်ပြီး နာဇီတို့ စမ်းသပ်ဆဲဖြစ်သော atomic bomb (နူကလီယား) တီထွင်မှုနမူနာများကို မယာမိတ်တို့ ထက်အရင်ရယူလိုခဲ့သည်။

မတ်လ ၆ရက်တွင် ဟစ်တလာသည် ဘာလင်ကာကွယ်ရေး တာဝန်ခံအဖြစ် ဒုဗိုလ်ချုပ်ကြီး Helmuth Reymann ကို ဒုဗိုလ်ချုပ်ကြီး Bruno Ritter von Hauenschild နေရာတွင်ပြောင်းလဲခန့့် အပ်ခဲ့ပါတယ်။မတ်လ ၂၀တွင် Vistula စစ်မျက်နှာ၏ စစ်သေနာပတိဖြစ်သည့် Reichsführer-SSHeinrich Himmler ကိုရာထူးမှထုတ်ပယ်ကာ ဗိုလ်ချုပ် Gotthard Heinrici ကိုအစားထိုးခန့် အပ်ခဲ့ပြန်သည်။ Gotthard Heinrici ဟာ နာဇီတပ်မတော်ရဲ့ အကောင်းဆုံးကာကွယ်ရေးဗျူဟာသမားတစ်ယောက်ဖြစ်ကာ ချက်ခြင်းပင် ကာကွယ်ရေးအစီအမံများကို ချမှတ်ခဲ့ပါတယ်။Heinrici ဟာဆိုဗီယက်တို့ ရဲ့ အဓိကတိုက်စစ်ဟာOder မြစ်နှင့် Autobahn ဒေသ၏အရှေ့ နှင့် အနောက်ဘက် တစ်လျောက်တွင် ဖြစ်လိမ့်မည်ဟု မှန်ကန်စွာ ယူဆခဲ့ပါတယ်။Oder မြစ်ကမ်းပါးတွင် သာမန် တပ်ဖွဲ့ များထက်ပိုထားရန်မလိုဟုယူဆကာ Autobahn နယ်အတွင်း Oder မြစ်ဖြတ်သွားသည့် နေရာကိုအပေါ်စီးမှမြင်ရသည့် Seelow Height ဒေသသို့ အင်ဂျင်နီယာတပ်ဖွဲ့ များစေလွတ်ကာ ခံစစ်အခိုင်အမာပြုစေခဲ့ပါတယ်။၎င်းနေရာဟာ Oder မြစ်၏အေ၇ှ့ ဖက် ၁၁ မိုင်အကွာ နှင့် ဘာလင်မြီု့ မှ ၅၆ မိုင်အကွာမှတည်ရှိကာ စစ်ရေးအတွက်အချက်အချာကြတဲ့နေရာဖြစ်ပါသည်။

ဂျာမန် အင်ဂျင်နီယာများဟာ အစောပိုင်းကတည်းက နွေဦးရာသီတွင်နှင်းများအရည်ပျော်၍ ရွံထူထပ်သည့် မြေနိမ့်လွင်ပြင်ထဲသို့ ရေကာတာများဖွင့်ချခဲ့ကာ ၄င်းလွင်ပြင်နောက်ဖက်ရှိကုန်းမြင့်ပေါ်တွင်ခံတပ် ၃ ခုကိုအခိုင်အမာတည်ဆောက်ခဲ့ကြပါတယ်။၎င်းခံတပ်များဟာ ဘာလင်မြို့ ၏အစွန်အဖျားတွင်တည်ရှိကာ တင့်ဖျက်လက်နက်များနှင့်ဆက်သွယ်ရေးတူးမြောင်းများကို ကျယ်ပြန့် စွာဖြန့် ကျက်ထားရှိခဲ့ပါတယ်။

ဆိုဗီယက်တို့ ဘက်တွင်မူဂျာမန်တို့ ၏အခိုင်အမာနေရာယူထားသည့်ခံတပ်များအားလျော့စေရန်ရည်ရွယ်၍ဆိုဗီယက်တို့ သည်စစ်မျက်နှာသုံးခုဖွင့်၍ထိုးစစ်ဆင်ခဲ့သည်။၎င်းတို့ မှာအရှေ့ ဘက်တွင် မာရှယ် Georgy Zhukov ၏စစ်ကြောင်း၊မြောက်ဖက်တွင် မာရှယ် Konstatin Rokossovky ၏စစ်ကြောင်းနှင့် တောင်ဘက်တွင် မာရှယ် Ivan Konev ၏စစ်ကြောင်းတို့ ဖြစ်ကြပါသည်။ဧပရယ်လ ၉ ရက်နေ့ တွင်ဂျာမန်တို့ ကြာရှည်စွာခုခံနေသည့် Königsberg နှင့် အရှေ့ ပရပ်ရှားတို့ ကိုတပ်နီတော်မှသိမ်းပိုက်ရရှိကာ မာရှယ် Rokossovsky ၏ 2nd Belorussian တပ်များကို Oder မြစ်အားလွတ်လပ်စွာ ဖြတ်ကူးစေနိုင်ခဲ့ပါသည်။

ဆက်ရန်

#ရာဇာကျော်မြင့်

#Myanmar_Military_Observer
မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ အနေဖြင့် ပင်မတိုက်ခိုက်ရေးတင့်အမျိုးအစားများဖြစ်တဲ့ T 72S and MBT 2000 တို့နောက် ( တိုက်ခိုက်ရေး နဲ့ လေ့ကျင့်ရေး ) တင့်အဖြစ် အဓိ့ကထားသုံးတဲ့ Type 59D/D1( WZ 120C )  Main battle tank  ဟာဆိုရင် တရုပ်နိုင်ငံထုတ် Third generation တင့်အမျိုးအစားဖြစ်ပြီး မူရင်း Type 59 ကနေအဆင့်ဆင့် မြင့်တင်သုံးစွဲလာခဲ့တာဟာ တရုပ်နိုင်ငံသုံး နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ Type 59G အထိ့ရောက်ရှိ့လာခဲ့ပြီဖြစ်သလို တရုပ်တင့်တပ်ဖွဲ့ မှာလည်း လက်ရှိ့ အရေအတွက်အများအပြား သုံးစွဲနေသေးတဲ့ တင့်အမျိုးအစားလည်းဖြစ်ပါတယ်။
         1958 ခုနှစ်မှာ ရုရှားတင့်တစ်စီးဖြစ်တဲ့ T 54/55 အပေါ် တရုပ်တို့ထုံးစံအတိုင်း ပုံတူကူးယူတည်ဆောက်ခဲ့တဲ့  Type 59 MBT ဟာဆိုရင် ယနေ့အချိန်အထိ့ အဆင့်မြင့်တင်မှု့ အမျိုးမျိုးနဲ့အတူ မျိုးကွဲပေါင်းများစွာထွက်ရှိ့လာခဲ့ပြီး လက်ရှိ့အချိန်ထိ့ မိ့မိ့တို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အသုံးတော်ခံနေဆဲ တင့်တစ်စီးလည်းဖြစ်ပါတယ်။
        လက်ရှိ့ မိ့မိ့တို့နိုင်ငံမှာ သုံးနေတဲ့ အမျိုးအစားဟာဆိုရင် နောက်ဆုံး မျိုးဆက်ဖြစ်တဲ့ တရုပ်သုံး Type 59G ပြီးနောက် အဆင့်မြင့်ဆုံး မျိုးဆက်ဖြစ်ပြီး အစီးရေလည်း အတော်များများ ပိုင်ဆိုင်ထားပါတယ်။ တစ်ချို့ သတင်းအရင်းအမြစ်များအဆိုအရ မြန်မာကိုရောက်ရှိ့လာခဲ့တဲ့အမျိုးအစားတွေကို မြန်မာ့ရေမြေနဲ့ အကိုက်ညီဆုံး ဖြစ်အောင် မိ့မိ့တို့ကိုယ်ပိုင်နည်းပညာနဲ့  ပြည်တွင်းမှာပဲ အဆင့်မြင့်တင်ပြုပြင်မှု့များ ပြုလုပ်ထားတဲ့ Type 59M ဆိုပြီး မြန်မာတစ်ဦးထဲသုံး( တစ်ချို့ နာမည်ကြီး website တွေမှာဆိုရင် အဲ့ဒီ့အမျိုးအစားကို made in myanmar ဆိုပြီး ရည်ညွှန်းထားတာမျိုးတွေ တွေ့ရပါတယ် )  အမျိုးအစား အဖြစ် ရှိ့နေပြီလို့လဲ သုံးသပ်ထားတာတွေ့ရပါတယ်။  
         ဒီနေရာမှာကျွန်တော်ပြောချင်တာက နိုင်ငံတစ်နိုင်ငံအနေနဲ့ အခြားနိုင်ငံတစ်ခုကနေအဆင့်မြင့်လက်နက်တစ်ခုကိုတင်သွင်းတော့မယ်ဆိုရင် ကိုယ့်ရေမြေအနေထားနဲ့ ကိုက်ညီမဲ့ အမျိုးအစားကိုရွေးချယ်ဝယ်ယူမှု့တွေရှိ့သလို ကိုက်ညီအောင် ကြိုတင်ပြင်ဆင်ဝယ်ယူမှု့တွေလည်းရှိ့ပါတယ်။ ဘယ်လိုပင်ပြင်ဆင်ပြင်ဆင် မူရင်းနိုင်ငံသုံးအမျိုးအစားတွေနဲ့တော့ လိုအပ်ချက်တွေကွဲလွဲချက်တွေရှိ့နေစမြဲပါပဲ။ နောက်တစ်ချက်က အပိုပစ္စည်းပဲဖြစ်ပါတယ်။ အဲ့တော့ မိ့မိ့တို့တင့်တပ်ဖွဲ့အနေနဲ့ ကိုယ်ပိုင်နည်းပညာ နဲ့ ကိုယ့်ပြည်တွင်းမှာပဲ လိုအပ်သလို အဆင့်မြင့်တင်မှု့များ ပြုလုပ်နိုင်တဲ့အနေအထားမှာရှိ့နေပြီလို့ဆိုနိုင်သလို လိုအပ်တဲ့ အပိုစက်ပစ္စည်းအစိတ်အပိုင်းများကိုလည်း ပြည်တွင်းရှိ့ DI များမှ ထုတ်လုပ်နိုင်စွမ်းရှိ့နေပြီဖြစ်ကြောင်းလည်း သုံးသပ်လို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်တွင်း DI များအတွက်တော့အလားအလာကောင်းတစ်ခုကိုအစပျိုးနိုင်ပြီလို့ဆိုရမှာပါ။ Type 59M အနေနဲ့ ဘယ်လိုအဆင့်မြင့်တင်မှု့များ ပြုလုပ်ထားပြီး ရောက်ရှိ့လာတဲ့ မူရင်းအမျိုးအစားဖြစ်တဲ့ Type 59D/D1 ထက် ဘယ်လိုစွမ်းဆောင်နိုင်စွမ်းများရှိ့နေမလဲဆိုတာကတော့ active ဖြစ်နေတဲ့ လူတွေသာသေသေချာချာသိ့ရမှာပါ။
       ကျွန်တော်အခု မိ့မိ့တို့ဆီရောက်ရှိ့လာတဲ့အမျိုးအစားဖြစ်တဲ့ Type 59D/D1 တွေရဲ့ Specifications ပိုင်းများကိုဖော်ပြပေးသွားမှာပါ။
       Type 59D/D1 မှာဆိုရင် အစောပိုင်းအမျိုးအစားတွေထက် ထပ်ပေါင်းထည့်ထားတဲ့ အဆင့်မြင့်တင်မှု့များအဖြစ် new explosive reaction armour (ERA) plates, night vision, computerised fire-control စနစ် စတာတွေအပြင် တရုပ်ထုတ် လေဆာလမ်းညွှန်သုံး ATGM တွေကိုလည်း ပင်မအမြောက်ကနေ အသုံးပြုပစ်ခတ်နိုင်မှာပဲဖြစ်ပါတယ်။ Type 59D/D1 နှစ်မျိုးစလုံးမှာဆိုရင် တရုပ်ထုတ် FY series ERA plates ပြားများကို ကိုယ်ထည်နဲ့ အမြောက်ဆုံလည် အရှေ့ဘက်အခြမ်းကို ထပ်ပိုးတပ်ဆင်ပေးထားပါတယ်။ အဲ့အတွက်ကြောင့်တင့်ဆီဝင်ရောက်လာမဲ့ kinetic armour-piercing and HEAT ကျည်ဆံ တွေရဲ့ ရန်ကနေအကာအကွယ်ပေးနိုင်မှု့အနေနဲ့  180~260% and 200~300% အထိ့အသီးသီးတိုးတတ်လာစေခဲ့ပါတယ်။ လက်တွေ့စမ်းသပ်မှု့အရလည်း တိုက်ရိုက်ပစ်ခတ်မှု့အဖြစ် 2000m အကွာအဝေး ကနေ 105mm APFSDS ကျည်အသုံးပြုပစ်ခတ်မှု့ကနေ အကာအကွယ်ပေးနိုင်တာတွေ့ရပါတယ်။ Type 59D အနေဖြင့် long-barrel Type 83A 105mm rifled gun ကိုပြောင်းလဲတပ်ဆင်ပေးထားပြီး Type 59D1 မှာတော့ ပုံစံအဟောင်းဖြစ်တဲ့ Type 79 (Chinese copy of the British L5) 105mm rifled gun ကို တပ်ဆင်ပေးထားပါတယ်။ အမြောက်နှစ်လက်စလုံး standard 105mm APFSDS, HEAT, and HEAT-FRAG အမြောက်ဆံများအပြင် ATGM များကိုလည်းအသုံးပြု ပစ်ခတ်နိုင်ပါတယ်။
       Fire control အနေဖြင့် Type 37A light spot fire-control system ကိုအသုံးပြုထားပြီး ပါဝင်တဲ့စနစ်တွေအနေနဲ့ dual-way stabilisation စနစ် ၊ ballistic computer စနစ် ၊ ပေါင်းစပ်စနစ်ဖြစ်တဲ့ laser rangefinder and commander sight ၊ Gunner sight with image intensifier night vision ( ၁၄၀၀ မီတာ range ) အပြင်  gunner sight  အတွက်ပိုကောင်းတဲ့  thermal imager night vision ကိုထည့်သွင်းတပ်ဆင်ပေးထားပြီး maximum range အနေနဲ့ ၂၁၀၀ မီတာ ရှိ့မှာဖြစ်ပါတယ်။ Driver အတွက်လည်း  image intensifier night vision အဖြစ် maximum range ၄၀၀ မီတာ ရှိ့တဲ့ အမျိုးအစားကိုတပ်ဆင်ပေးထားပါသေးတယ်။ တင့်ရဲ့ FCS လုပ်ဆောင်မှု့အနေနဲ့ တုန့်ပြန်ချိန် တည်ငြိမ်ပစ်မှတ်အတွက် ၆ စက္ကန့် ၊ ရွေ့လျားနေတဲ့ ပစ်မှတ်တွေအတွက် ၉ စက္ကန့်ရှိ့မှာပဲဖြစ်ပါတယ်။
          Type 59D/D1 တင့်တွေအနေနဲ့ အခြားသော တရုပ်မျိုးဆက်သစ်တင့်တွေလို ပင်မအမြောက်ကျည်ထိုးစနစ်အနေနဲ့ Autoloader စနစ်နဲ့မဟုတ်ပဲ လူနဲ့ကျည်ထိုးရတဲ့ Manual စနစ်နဲ့ဖြစ်တဲ့အတွက် အဖွဲ့သားအနေနဲ့ ၄ ဦး လိုအပ်မှာပဲဖြစ်ပါတယ်။ တင့်အတွင်း ပင်မအမြောက်ကျည် ၃၄ တောင့်ထည့်သွင်းထားနိုင်ပြီး New China APFSDS-T ကျည်အမျိုးအစား ၁၂ တောင့် ၊ M456 HEAT ကျည်အမျိုးအစား ၆ တောင့် ၊  L35 HESH ကျည်အမျိုးအစား ၁၆ တောင့်အသီးသီးသယ်ဆောင်ထားနိုင်ပါတယ်။ ATGM ကို ၄ စင်းအထိ့သယ်ဆောင်အသုံးပြုလို့ရပါတယ်။  အမြောက်အနေနဲ့ ကျည်အမျိုးအစားများကို ၁ မီနစ် အတွင်း ၆-၁၀ တောင့်အထိ့ပစ်ခတ်နိုင်ပြီး ATGM များကိုတော့ ၂-၃ စင်း လိုအပ်သလိုပစ်ခတ်နိုင်စွမ်းရှိ့ပါတယ်။ တင့်မှာ အရန်တပ်ဆင်လို့ရတဲ့ လက်နက်စနစ်များကတော့ 7.62-mm Turret coax MG( Type 59T ) စနစ်အနေနဲ့ အကွာအဝေး ၂၀၀၀ မီတာအထိ့အမြင့်ဆုံးပစ်ခတ်နိုင်ပြီး ပုံမှန်နေ့ဘက်ကို ၁၀၀၀ မီတာနဲ့ ညဘက်ကို ၈၀၀ မီတာအထိ့အသီးသီးပစ်ခတ်နိုင်စွမ်းရှိ့ပါတယ်။ ကျည်အရေအတွက် ၂၀၀၀ အထိ့ပါဝင်ပြီး ၁ မီနစ် ကျည် ၂၅၀ ခန့်နှုန်းပစ်ခတ်နိုင်ကာ တင့်ရွေ့လျားနေရင်းနဲ့လည်း ပစ်မှတ်ကို ပစ်ခတ်နိုင်ပါတယ်။ 7.62-mm bow ball MG ( Type 59T ) စနစ်အနေနဲ့ကြတော့ ပုံမှန်နေ့ဘက်ကို ၁၀၀၀ မီတာနဲ့ ညဘက်ကို ၈၀၀ မီတာအောက်သာပစ်ခတ်နိုင်ပြီး ကျည်အရေအတွက်လည်း ၁၀၀၀ အထိ့သာပါဝင်ပါတယ်။ ကျန်လုပ်ဆောင်ချက်တွေအနေနဲ့ Turret coax မှာတပ်ဆင်ထားတဲ့ လက်နက်စနစ်အတိုင်းသာဖြစ်ပါတယ်။ လေကာအတွက် 12.7-mm AA MG ( Type 54 ) စနစ်အနေနဲ့ Turret cupola မှတပ်ဆင်နိုင်ပြီး အမြင့်ဆုံး ၂၀၀၀ မီတာအထိ့ပစ်ခတ်နိုင်ကာ ပုံမှန်နေ့ဘက်မှာ မြေပြင်ပစ်မှတ်အတွက် ၁၅၀၀ မီတာ ၊ လေကြောင်းပစ်မှတ်တွေအတွက် ၁၆၀၀ မီတာအထိ့အသီးသီးပစ်ခတ်နိုင်ပါတယ်။ ကျည်အရေအတွက် ၅၀၀ ခန့်ပါဝင်ပြီး ၁ မီနစ် ကျည် ၁၀၀ နှုန်းပစ်ခတ်နိုင်ကာ တင့်ရွေ့လျားနေရင်းနဲ့ပင် ပစ်မှတ်ကို ပစ်ခတ်နိုင်စွမ်းရှိ့ပါတယ်။ ATGM ( တင့်ဖျက်ဒုံး ) ရဲ့ ပစ်မှတ်ရှာ sight အနေနဲ့ ပစ်မှတ်ကို ၅၀၀၀ မီတာအထိ့ရှာဖွေနိုင်ပေမဲ့  နေ့ဘက်သာပစ်ခတ်နိုင်စွမ်းရှိ့ပြီး sight အနေနဲ့  ATGM အတွက်  night vision မပါတဲ့အတွက်ကြောင့် ညဘက်ပစ်ခတ်နိုင်စွမ်းရှိ့မှာမဟုတ်သလို ညဘက်စစ်ဆင်ရေးတွေမှာလည်း ATGM အသုံးပြုလို့ရမှာမဟုတ်ပါဘူးခင်ဗျာ။ တင့်အနေနဲ့ အနက် ၁.၄ မီတာသာရှိ့တဲ့ မြစ် ၊ ချောင်း ၊ မြောင်း တွေကိုဖြတ်သန်းမောင်းနှင်နိုင်သလို Snorkel အကူအညီနဲ့ ရေအနက် ၅.၅ မီတာကနေလည်း ငုပ်လျှိုသွားနိုင်စွမ်းရှိ့ပါတယ်။

Type 59D/D1 တင့်ရဲ့ပင်မအမြောက်စနစ်ကနေ ပစ်ခတ်နိုင်တဲ့ Ammunition တွေကိုအောက်မှာဖော်ပြပေးထားပါတယ်။

105-mm APFSDS ( H6/62 ) ကျည်အမျိုးအစားအနေနဲ့ ပစ်ခတ်နိုင်စွမ်း နေ့ဘက်ကို ၂၀၀၀-၃၀၀၀ မီတာနဲ့ ညဘက်ကို ၁၀၀၀ မီတာဖြစ်ပါတယ်။ ဖောက်ထွင်းနိုင်စွမ်း Armor အထူကတော့ အတိ့အကျမသိ့ရှိ့ရတဲ့အတွက် မဖော်ပြတော့ပါဘူးခင်ဗျာ။

105-mm APFSDS ( UI - New Chinese ) ကျည်အမျိုးအစားအနေနဲ့ ပစ်ခတ်နိုင်စွမ်း နေ့ဘက်ကို ၂၀၀၀-၃၀၀၀ မီတာနဲ့ ညဘက် ၁၀၀၀ မီတာအထိ့ရှိ့ပါတယ်။ ဖောက်ထွင်းနိုင်တဲ့ Armor အထူကတော့ ၄၆၀ မီလီမီတာဖြစ်ပါတယ်။

105-mm HEAT ( M456 - multinational ) ကျည်အမျိုးအစားအနေနဲ့ နေတိုးစံပြုကျည်အမျိုးအစားဖြစ်ကာ ပစ်ခတ်နိုင်စွမ်း နေ့ဘက်ကို ၁၅၀၀-၂၅၀၀ မီတာနဲ့ ညဘက်ကို ၁၀၀၀ မီတာရှိ့ပါတယ်။ ဖောက်ထွင်းနိုင်စွမ်း Armor အထူအနေနဲ့ ၄၃၂ မီလီမီတာ ဖြစ်ပါတယ်။

105-mm HESH ( L35 - UK ) ကျည်အမျိုးအစားအနေနဲ့ ပစ်ခတ်နိုင်စွမ်း နေ့ဘက်ကို ၂၀၀၀-၃၀၀၀ မီတာနဲ့ ညဘက်ကို ၁၀၀၀ မီတာရှိ့ပြီး Single heavy target တွေအတွက်ဖြစ်ကာ နေတိုးစံပြုကျည်အမျိုးအစားလည်းဖြစ်ပါတယ်။

အခြားအသုံးပြုတဲ့  Amunnition Type တွေအနေနဲ့ - Chinese Type 83/ UK L64/ US M735 APFSDS ၊  UK L52 APDS ၊  multinational M393 HEP-T ၊  French OE 105-F1 HE ၊ L39 Smoke canister တို့ပဲဖြစ်ကြပါတယ်။

ATGM အနေနဲ့ Type 59D/D1 တွေအတွက်ရည်ရွယ်ထားတဲ့ တရုပ်ထုတ် AT-10/BASTION အမျိုးအစား ကိုအသုံးပြုထားပါတယ်။ Warhead အနေနဲ့ 105-mm Shaped charge (HEAT) ကိုအသုံးပြုထားပြီး ဖောက်ထွင်းနိုင်စွမ်း Armor အထူအနေနဲ့ ၆၅၀ မီလီမီတာ ဖြစ်ကာ အကွာအဝေး ၅၂၀၀ မီတာအထိ့ ပစ်ခတ်နိုင်စွမ်းရှိ့ပါတယ်ခင်ဗျာ။
             အထက်ပါ အကြောင်းအရာများအနေနဲ့ မှုရင်း Type 59D/D1 တင့်ရဲ့ Specifications များကိုတင်ပြပေးထားခြင်းသာဖြစ်ပြီး မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့မှ အဆင့်မြင့်တင်ပြီး သုံးစွဲနေတယ်ဆိုတဲ့ Type 59M များအနေနဲ့ အခုထက်ပင်အဆင့်မြင့်လာမယ်ဆိုတာ အမှန်ပင်ဖြစ်ကြောင်း ခန့်မှန်းရင်းဖြင့် .......

..... မိုးတိမ် .......
Myanmar Military Observers

၁​အောက်​ပါ link့သည်​ ကျွန်​​တော်​တို့ရဲ့​Facebook​လင့်​ဖြစ်​ပါသည်
https://m.facebook.com/Myanmar-Military-Observers-915047311914617/