Friday, June 10, 2016

မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ အနေဖြင့် ပင်မတိုက်ခိုက်ရေးတင့်အမျိုးအစားများဖြစ်တဲ့ T 72S and MBT 2000 တို့နောက် ( တိုက်ခိုက်ရေး နဲ့ လေ့ကျင့်ရေး ) တင့်အဖြစ် အဓိ့ကထားသုံးတဲ့ Type 59D/D1( WZ 120C )  Main battle tank  ဟာဆိုရင် တရုပ်နိုင်ငံထုတ် Third generation တင့်အမျိုးအစားဖြစ်ပြီး မူရင်း Type 59 ကနေအဆင့်ဆင့် မြင့်တင်သုံးစွဲလာခဲ့တာဟာ တရုပ်နိုင်ငံသုံး နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ Type 59G အထိ့ရောက်ရှိ့လာခဲ့ပြီဖြစ်သလို တရုပ်တင့်တပ်ဖွဲ့ မှာလည်း လက်ရှိ့ အရေအတွက်အများအပြား သုံးစွဲနေသေးတဲ့ တင့်အမျိုးအစားလည်းဖြစ်ပါတယ်။
         1958 ခုနှစ်မှာ ရုရှားတင့်တစ်စီးဖြစ်တဲ့ T 54/55 အပေါ် တရုပ်တို့ထုံးစံအတိုင်း ပုံတူကူးယူတည်ဆောက်ခဲ့တဲ့  Type 59 MBT ဟာဆိုရင် ယနေ့အချိန်အထိ့ အဆင့်မြင့်တင်မှု့ အမျိုးမျိုးနဲ့အတူ မျိုးကွဲပေါင်းများစွာထွက်ရှိ့လာခဲ့ပြီး လက်ရှိ့အချိန်ထိ့ မိ့မိ့တို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အသုံးတော်ခံနေဆဲ တင့်တစ်စီးလည်းဖြစ်ပါတယ်။
        လက်ရှိ့ မိ့မိ့တို့နိုင်ငံမှာ သုံးနေတဲ့ အမျိုးအစားဟာဆိုရင် နောက်ဆုံး မျိုးဆက်ဖြစ်တဲ့ တရုပ်သုံး Type 59G ပြီးနောက် အဆင့်မြင့်ဆုံး မျိုးဆက်ဖြစ်ပြီး အစီးရေလည်း အတော်များများ ပိုင်ဆိုင်ထားပါတယ်။ တစ်ချို့ သတင်းအရင်းအမြစ်များအဆိုအရ မြန်မာကိုရောက်ရှိ့လာခဲ့တဲ့အမျိုးအစားတွေကို မြန်မာ့ရေမြေနဲ့ အကိုက်ညီဆုံး ဖြစ်အောင် မိ့မိ့တို့ကိုယ်ပိုင်နည်းပညာနဲ့  ပြည်တွင်းမှာပဲ အဆင့်မြင့်တင်ပြုပြင်မှု့များ ပြုလုပ်ထားတဲ့ Type 59M ဆိုပြီး မြန်မာတစ်ဦးထဲသုံး( တစ်ချို့ နာမည်ကြီး website တွေမှာဆိုရင် အဲ့ဒီ့အမျိုးအစားကို made in myanmar ဆိုပြီး ရည်ညွှန်းထားတာမျိုးတွေ တွေ့ရပါတယ် )  အမျိုးအစား အဖြစ် ရှိ့နေပြီလို့လဲ သုံးသပ်ထားတာတွေ့ရပါတယ်။  
         ဒီနေရာမှာကျွန်တော်ပြောချင်တာက နိုင်ငံတစ်နိုင်ငံအနေနဲ့ အခြားနိုင်ငံတစ်ခုကနေအဆင့်မြင့်လက်နက်တစ်ခုကိုတင်သွင်းတော့မယ်ဆိုရင် ကိုယ့်ရေမြေအနေထားနဲ့ ကိုက်ညီမဲ့ အမျိုးအစားကိုရွေးချယ်ဝယ်ယူမှု့တွေရှိ့သလို ကိုက်ညီအောင် ကြိုတင်ပြင်ဆင်ဝယ်ယူမှု့တွေလည်းရှိ့ပါတယ်။ ဘယ်လိုပင်ပြင်ဆင်ပြင်ဆင် မူရင်းနိုင်ငံသုံးအမျိုးအစားတွေနဲ့တော့ လိုအပ်ချက်တွေကွဲလွဲချက်တွေရှိ့နေစမြဲပါပဲ။ နောက်တစ်ချက်က အပိုပစ္စည်းပဲဖြစ်ပါတယ်။ အဲ့တော့ မိ့မိ့တို့တင့်တပ်ဖွဲ့အနေနဲ့ ကိုယ်ပိုင်နည်းပညာ နဲ့ ကိုယ့်ပြည်တွင်းမှာပဲ လိုအပ်သလို အဆင့်မြင့်တင်မှု့များ ပြုလုပ်နိုင်တဲ့အနေအထားမှာရှိ့နေပြီလို့ဆိုနိုင်သလို လိုအပ်တဲ့ အပိုစက်ပစ္စည်းအစိတ်အပိုင်းများကိုလည်း ပြည်တွင်းရှိ့ DI များမှ ထုတ်လုပ်နိုင်စွမ်းရှိ့နေပြီဖြစ်ကြောင်းလည်း သုံးသပ်လို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်တွင်း DI များအတွက်တော့အလားအလာကောင်းတစ်ခုကိုအစပျိုးနိုင်ပြီလို့ဆိုရမှာပါ။ Type 59M အနေနဲ့ ဘယ်လိုအဆင့်မြင့်တင်မှု့များ ပြုလုပ်ထားပြီး ရောက်ရှိ့လာတဲ့ မူရင်းအမျိုးအစားဖြစ်တဲ့ Type 59D/D1 ထက် ဘယ်လိုစွမ်းဆောင်နိုင်စွမ်းများရှိ့နေမလဲဆိုတာကတော့ active ဖြစ်နေတဲ့ လူတွေသာသေသေချာချာသိ့ရမှာပါ။
       ကျွန်တော်အခု မိ့မိ့တို့ဆီရောက်ရှိ့လာတဲ့အမျိုးအစားဖြစ်တဲ့ Type 59D/D1 တွေရဲ့ Specifications ပိုင်းများကိုဖော်ပြပေးသွားမှာပါ။
       Type 59D/D1 မှာဆိုရင် အစောပိုင်းအမျိုးအစားတွေထက် ထပ်ပေါင်းထည့်ထားတဲ့ အဆင့်မြင့်တင်မှု့များအဖြစ် new explosive reaction armour (ERA) plates, night vision, computerised fire-control စနစ် စတာတွေအပြင် တရုပ်ထုတ် လေဆာလမ်းညွှန်သုံး ATGM တွေကိုလည်း ပင်မအမြောက်ကနေ အသုံးပြုပစ်ခတ်နိုင်မှာပဲဖြစ်ပါတယ်။ Type 59D/D1 နှစ်မျိုးစလုံးမှာဆိုရင် တရုပ်ထုတ် FY series ERA plates ပြားများကို ကိုယ်ထည်နဲ့ အမြောက်ဆုံလည် အရှေ့ဘက်အခြမ်းကို ထပ်ပိုးတပ်ဆင်ပေးထားပါတယ်။ အဲ့အတွက်ကြောင့်တင့်ဆီဝင်ရောက်လာမဲ့ kinetic armour-piercing and HEAT ကျည်ဆံ တွေရဲ့ ရန်ကနေအကာအကွယ်ပေးနိုင်မှု့အနေနဲ့  180~260% and 200~300% အထိ့အသီးသီးတိုးတတ်လာစေခဲ့ပါတယ်။ လက်တွေ့စမ်းသပ်မှု့အရလည်း တိုက်ရိုက်ပစ်ခတ်မှု့အဖြစ် 2000m အကွာအဝေး ကနေ 105mm APFSDS ကျည်အသုံးပြုပစ်ခတ်မှု့ကနေ အကာအကွယ်ပေးနိုင်တာတွေ့ရပါတယ်။ Type 59D အနေဖြင့် long-barrel Type 83A 105mm rifled gun ကိုပြောင်းလဲတပ်ဆင်ပေးထားပြီး Type 59D1 မှာတော့ ပုံစံအဟောင်းဖြစ်တဲ့ Type 79 (Chinese copy of the British L5) 105mm rifled gun ကို တပ်ဆင်ပေးထားပါတယ်။ အမြောက်နှစ်လက်စလုံး standard 105mm APFSDS, HEAT, and HEAT-FRAG အမြောက်ဆံများအပြင် ATGM များကိုလည်းအသုံးပြု ပစ်ခတ်နိုင်ပါတယ်။
       Fire control အနေဖြင့် Type 37A light spot fire-control system ကိုအသုံးပြုထားပြီး ပါဝင်တဲ့စနစ်တွေအနေနဲ့ dual-way stabilisation စနစ် ၊ ballistic computer စနစ် ၊ ပေါင်းစပ်စနစ်ဖြစ်တဲ့ laser rangefinder and commander sight ၊ Gunner sight with image intensifier night vision ( ၁၄၀၀ မီတာ range ) အပြင်  gunner sight  အတွက်ပိုကောင်းတဲ့  thermal imager night vision ကိုထည့်သွင်းတပ်ဆင်ပေးထားပြီး maximum range အနေနဲ့ ၂၁၀၀ မီတာ ရှိ့မှာဖြစ်ပါတယ်။ Driver အတွက်လည်း  image intensifier night vision အဖြစ် maximum range ၄၀၀ မီတာ ရှိ့တဲ့ အမျိုးအစားကိုတပ်ဆင်ပေးထားပါသေးတယ်။ တင့်ရဲ့ FCS လုပ်ဆောင်မှု့အနေနဲ့ တုန့်ပြန်ချိန် တည်ငြိမ်ပစ်မှတ်အတွက် ၆ စက္ကန့် ၊ ရွေ့လျားနေတဲ့ ပစ်မှတ်တွေအတွက် ၉ စက္ကန့်ရှိ့မှာပဲဖြစ်ပါတယ်။
          Type 59D/D1 တင့်တွေအနေနဲ့ အခြားသော တရုပ်မျိုးဆက်သစ်တင့်တွေလို ပင်မအမြောက်ကျည်ထိုးစနစ်အနေနဲ့ Autoloader စနစ်နဲ့မဟုတ်ပဲ လူနဲ့ကျည်ထိုးရတဲ့ Manual စနစ်နဲ့ဖြစ်တဲ့အတွက် အဖွဲ့သားအနေနဲ့ ၄ ဦး လိုအပ်မှာပဲဖြစ်ပါတယ်။ တင့်အတွင်း ပင်မအမြောက်ကျည် ၃၄ တောင့်ထည့်သွင်းထားနိုင်ပြီး New China APFSDS-T ကျည်အမျိုးအစား ၁၂ တောင့် ၊ M456 HEAT ကျည်အမျိုးအစား ၆ တောင့် ၊  L35 HESH ကျည်အမျိုးအစား ၁၆ တောင့်အသီးသီးသယ်ဆောင်ထားနိုင်ပါတယ်။ ATGM ကို ၄ စင်းအထိ့သယ်ဆောင်အသုံးပြုလို့ရပါတယ်။  အမြောက်အနေနဲ့ ကျည်အမျိုးအစားများကို ၁ မီနစ် အတွင်း ၆-၁၀ တောင့်အထိ့ပစ်ခတ်နိုင်ပြီး ATGM များကိုတော့ ၂-၃ စင်း လိုအပ်သလိုပစ်ခတ်နိုင်စွမ်းရှိ့ပါတယ်။ တင့်မှာ အရန်တပ်ဆင်လို့ရတဲ့ လက်နက်စနစ်များကတော့ 7.62-mm Turret coax MG( Type 59T ) စနစ်အနေနဲ့ အကွာအဝေး ၂၀၀၀ မီတာအထိ့အမြင့်ဆုံးပစ်ခတ်နိုင်ပြီး ပုံမှန်နေ့ဘက်ကို ၁၀၀၀ မီတာနဲ့ ညဘက်ကို ၈၀၀ မီတာအထိ့အသီးသီးပစ်ခတ်နိုင်စွမ်းရှိ့ပါတယ်။ ကျည်အရေအတွက် ၂၀၀၀ အထိ့ပါဝင်ပြီး ၁ မီနစ် ကျည် ၂၅၀ ခန့်နှုန်းပစ်ခတ်နိုင်ကာ တင့်ရွေ့လျားနေရင်းနဲ့လည်း ပစ်မှတ်ကို ပစ်ခတ်နိုင်ပါတယ်။ 7.62-mm bow ball MG ( Type 59T ) စနစ်အနေနဲ့ကြတော့ ပုံမှန်နေ့ဘက်ကို ၁၀၀၀ မီတာနဲ့ ညဘက်ကို ၈၀၀ မီတာအောက်သာပစ်ခတ်နိုင်ပြီး ကျည်အရေအတွက်လည်း ၁၀၀၀ အထိ့သာပါဝင်ပါတယ်။ ကျန်လုပ်ဆောင်ချက်တွေအနေနဲ့ Turret coax မှာတပ်ဆင်ထားတဲ့ လက်နက်စနစ်အတိုင်းသာဖြစ်ပါတယ်။ လေကာအတွက် 12.7-mm AA MG ( Type 54 ) စနစ်အနေနဲ့ Turret cupola မှတပ်ဆင်နိုင်ပြီး အမြင့်ဆုံး ၂၀၀၀ မီတာအထိ့ပစ်ခတ်နိုင်ကာ ပုံမှန်နေ့ဘက်မှာ မြေပြင်ပစ်မှတ်အတွက် ၁၅၀၀ မီတာ ၊ လေကြောင်းပစ်မှတ်တွေအတွက် ၁၆၀၀ မီတာအထိ့အသီးသီးပစ်ခတ်နိုင်ပါတယ်။ ကျည်အရေအတွက် ၅၀၀ ခန့်ပါဝင်ပြီး ၁ မီနစ် ကျည် ၁၀၀ နှုန်းပစ်ခတ်နိုင်ကာ တင့်ရွေ့လျားနေရင်းနဲ့ပင် ပစ်မှတ်ကို ပစ်ခတ်နိုင်စွမ်းရှိ့ပါတယ်။ ATGM ( တင့်ဖျက်ဒုံး ) ရဲ့ ပစ်မှတ်ရှာ sight အနေနဲ့ ပစ်မှတ်ကို ၅၀၀၀ မီတာအထိ့ရှာဖွေနိုင်ပေမဲ့  နေ့ဘက်သာပစ်ခတ်နိုင်စွမ်းရှိ့ပြီး sight အနေနဲ့  ATGM အတွက်  night vision မပါတဲ့အတွက်ကြောင့် ညဘက်ပစ်ခတ်နိုင်စွမ်းရှိ့မှာမဟုတ်သလို ညဘက်စစ်ဆင်ရေးတွေမှာလည်း ATGM အသုံးပြုလို့ရမှာမဟုတ်ပါဘူးခင်ဗျာ။ တင့်အနေနဲ့ အနက် ၁.၄ မီတာသာရှိ့တဲ့ မြစ် ၊ ချောင်း ၊ မြောင်း တွေကိုဖြတ်သန်းမောင်းနှင်နိုင်သလို Snorkel အကူအညီနဲ့ ရေအနက် ၅.၅ မီတာကနေလည်း ငုပ်လျှိုသွားနိုင်စွမ်းရှိ့ပါတယ်။

Type 59D/D1 တင့်ရဲ့ပင်မအမြောက်စနစ်ကနေ ပစ်ခတ်နိုင်တဲ့ Ammunition တွေကိုအောက်မှာဖော်ပြပေးထားပါတယ်။

105-mm APFSDS ( H6/62 ) ကျည်အမျိုးအစားအနေနဲ့ ပစ်ခတ်နိုင်စွမ်း နေ့ဘက်ကို ၂၀၀၀-၃၀၀၀ မီတာနဲ့ ညဘက်ကို ၁၀၀၀ မီတာဖြစ်ပါတယ်။ ဖောက်ထွင်းနိုင်စွမ်း Armor အထူကတော့ အတိ့အကျမသိ့ရှိ့ရတဲ့အတွက် မဖော်ပြတော့ပါဘူးခင်ဗျာ။

105-mm APFSDS ( UI - New Chinese ) ကျည်အမျိုးအစားအနေနဲ့ ပစ်ခတ်နိုင်စွမ်း နေ့ဘက်ကို ၂၀၀၀-၃၀၀၀ မီတာနဲ့ ညဘက် ၁၀၀၀ မီတာအထိ့ရှိ့ပါတယ်။ ဖောက်ထွင်းနိုင်တဲ့ Armor အထူကတော့ ၄၆၀ မီလီမီတာဖြစ်ပါတယ်။

105-mm HEAT ( M456 - multinational ) ကျည်အမျိုးအစားအနေနဲ့ နေတိုးစံပြုကျည်အမျိုးအစားဖြစ်ကာ ပစ်ခတ်နိုင်စွမ်း နေ့ဘက်ကို ၁၅၀၀-၂၅၀၀ မီတာနဲ့ ညဘက်ကို ၁၀၀၀ မီတာရှိ့ပါတယ်။ ဖောက်ထွင်းနိုင်စွမ်း Armor အထူအနေနဲ့ ၄၃၂ မီလီမီတာ ဖြစ်ပါတယ်။

105-mm HESH ( L35 - UK ) ကျည်အမျိုးအစားအနေနဲ့ ပစ်ခတ်နိုင်စွမ်း နေ့ဘက်ကို ၂၀၀၀-၃၀၀၀ မီတာနဲ့ ညဘက်ကို ၁၀၀၀ မီတာရှိ့ပြီး Single heavy target တွေအတွက်ဖြစ်ကာ နေတိုးစံပြုကျည်အမျိုးအစားလည်းဖြစ်ပါတယ်။

အခြားအသုံးပြုတဲ့  Amunnition Type တွေအနေနဲ့ - Chinese Type 83/ UK L64/ US M735 APFSDS ၊  UK L52 APDS ၊  multinational M393 HEP-T ၊  French OE 105-F1 HE ၊ L39 Smoke canister တို့ပဲဖြစ်ကြပါတယ်။

ATGM အနေနဲ့ Type 59D/D1 တွေအတွက်ရည်ရွယ်ထားတဲ့ တရုပ်ထုတ် AT-10/BASTION အမျိုးအစား ကိုအသုံးပြုထားပါတယ်။ Warhead အနေနဲ့ 105-mm Shaped charge (HEAT) ကိုအသုံးပြုထားပြီး ဖောက်ထွင်းနိုင်စွမ်း Armor အထူအနေနဲ့ ၆၅၀ မီလီမီတာ ဖြစ်ကာ အကွာအဝေး ၅၂၀၀ မီတာအထိ့ ပစ်ခတ်နိုင်စွမ်းရှိ့ပါတယ်ခင်ဗျာ။
             အထက်ပါ အကြောင်းအရာများအနေနဲ့ မှုရင်း Type 59D/D1 တင့်ရဲ့ Specifications များကိုတင်ပြပေးထားခြင်းသာဖြစ်ပြီး မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့မှ အဆင့်မြင့်တင်ပြီး သုံးစွဲနေတယ်ဆိုတဲ့ Type 59M များအနေနဲ့ အခုထက်ပင်အဆင့်မြင့်လာမယ်ဆိုတာ အမှန်ပင်ဖြစ်ကြောင်း ခန့်မှန်းရင်းဖြင့် .......

..... မိုးတိမ် .......
Myanmar Military Observers

၁​အောက်​ပါ link့သည်​ ကျွန်​​တော်​တို့ရဲ့​Facebook​လင့်​ဖြစ်​ပါသည်
https://m.facebook.com/Myanmar-Military-Observers-915047311914617/

No comments:

Post a Comment