Friday, June 10, 2016

အမြန်သွားတိုက်ခိုက်ရေး ရေယာဉ် ( FAC )များကို ကမ္ဘာပေါ်မှာ ဆိုဗီယက်တို့အနေနဲ့ ပထမဦးဆုံးစတင်အသုံးပြုခဲ့တာဖြစ်ပြီး အီဂျစ်နိုင်ငံမှ Osa အမျိုးအစား ဆိုဗီယက်ပဲ့ထိန်းဒုံးပျံတင် FAC တစ်စီးမှ ၁၉၆၇ ခုနှစ်တွင် အစ္စရေးနိုင်ငံပိုင် ဖျက်သင်္ဘောအမျိုးအစား Eilat အား ပစ်ခတ်နှစ်မြုပ်နိုင်ခဲ့ပြီးနောက် ပဲ့ထိန်းဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေး ရေယာဉ် ( FAC ) များ၏ အခန်းကဏ္ဍမှာပိုမိုအရေးပါ ကြီးမားလာခဲ့ပါတယ်။


        အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များသည် မိမိ့တို့လို ကာကွယ်ရမဲ့ ကမ်းရိုးတန်းရှည်လျားပြီး အင်အားသေးငယ်လှသော ရေတပ်များအတွက် မိ့မိ့ထက် အင်အားကြီးသော ရေတပ်ကြီးများနဲ့ အင်အားကွာခြားမှု့ကို ကုစားယှဉ်ပြိုင်နိုင်သော Asymmetric နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကမ်းရိုးတန်းရေပြင်များ ၊ ကျွန်းစုပေါများလှသော နိုင်ငံများအတွက် FAC များမှာ များစွာအသုံးဝင်လှသလို အဲ့နေရာများကလည်း FAC တွေအတွက် လှုပ်ရှားစစ်ကစားနိုင်သည့်အကောင်းဆုံးပတ်ဝန်းကျင်များပဲဖြစ်ပါသည်။ ခေတ်သစ် ပဲ့ထိန်းဒုံးပျံတင် FAC များကို တန်ချိန် ၂၅၀ မှ ၅၀၀ အတွင်းတည်ဆောက်ကြ၍ ရေမိုင် ၃၂ မှ ၄၀ အတွင်း ခုတ်မောင်းသွားလာနိုင်ကြပြီး ရေမိုင် ၁၅၀၀ မှ ၄၀၀၀ အတွင်း တစ်ဆက်တစ်စပ်တည်းလှုပ်ရှားသွားလာနိုင်စွမ်းရှိ့
ကြပါတယ်။ ပင်လယ်ပြင်တွင်လည်း ရက်အနည်းငယ် မှ ၁၀ ရက်ခန့်အထိ့ စစ်ဆင်ရေးပေါ်မှုတည်ပြီး တာဝန်ထမ်းဆောင်နိုင်ကြပါတယ်။
     FAC များသည် ၂၀ ရာစုအစောပိုင်းလောက်ကပေါ်ပေါက်လာခဲ့သည့် တော်ပီဒို ရေယာဉ်များကနေ ဆင့်ပွားပေါ်ပေါက်လာခဲ့တာဖြစ်ပြီး နဂိုက ရေယာဉ်ရဲ့ အဓိ့ကလက်နက်အဖြစ် ၄၀၀ မီလီမီတာ ၊ ၅၃၃ မီလီမီတာ တောပီဒို များကို တပ်ဆင်အသုံးပြုကြပြီး ၁၉၆၀ ပြည့်နှစ်တွင် ဆိုဗီယက် တို့ရဲ့ ရေပြင်မှ ရေပြင်ပစ် ပဲ့ထိန်းဒုံးပျံများ ပေါ်ပေါက်လာခြင်းနဲ့အတူ ဒုံးပျံတင် FAC များကိုဆန်းသစ်အသုံးပြုခဲ့ကြခြင်းဖြစ်ပါတယ်။ ထို့အတွက်ကြောင့် FAC များရဲ့ အဓိကလက်နက်ဖြစ်တဲ့ တော်ပီဒိုများနေရာသို့ ပဲ့ထိန်းဒုံးပျံများ အစားထိုးဝင်ရောက်လာခဲ့ပါတော့တယ်။ FAC များအနေဖြင့် ကမ်းခြေမှ မိုင်ပေါင်းထောင်ချီဝေးကွာသောပင်လယ်ပြင်တွင် တာဝန်ထမ်းဆောင်ရန်အတွက် ကြံ့ခိုင်မှု့ရှိ့သည့်ရေယာဉ်ကိုယ်ထည်တည်ဆောက်မှု့ပုံစံမဟုတ်သော်လည်း ရေယာဉ်မှာတပ်ဆင်ထားတဲ့ အဓိကလက်နက်ဖြစ်တဲ့  ပဲ့ထိန်းဒုံးပျံများအနေဖြင့် မိုင်ပေါင်းရာချီပြီးတော့ ထိ့ရောက်မှု့ကောင်းကောင်းနဲ့ ပစ်ခတ်နိုင်စွမ်းရှိ့တဲ့ အတွက် မိ့မိ့ပိုင်နက်ပင်လယ်ပြင်ကာကွယ်ရေးအတွက် အင်အားကြီးမားသော အခန်းကဏ္ဍမှပါဝင်ပေသည်။
         FAC အများစုအနေနှင့် advance ဖြစ်တဲ့  လေကြောင်းရန်ကာကွယ်ရေးစနစ် တပ်ဆင်ထားမှု့ မရှိ့သလောက်နည်းပါးပြီး တကယ်လို့ လက်နက်စနစ် တပ်ဆင်ထားသည့်တိုင်အောင် လမ်းညွှန်ရေဒါများအနေဖြင့် ရေယာဉ်ရှိ့တပ်ဆင်မဲ့  Tower အနေအထား အရလုံလောက်သောအမြင့်တွင်တပ်ဆင်နိုင်မှု့မရှိ့သောကြောင့် လက်နက်စနစ်များအနေနဲ့ ထိ့ရောက်မှု့နည်ပါးမှာပဲဖြစ်ပါတယ်။ FAC များမှာ ပုံမှန်အားဖြင့် AShM ကို ၄ စင်းမှ ၈ စင်း ၊ ၇၆ မမ သို့မဟုတ် ၅၇ မမ နှင့် ၂၀ မမ သို့မဟုတ် ၄၀ မမ ရေတပ်သုံးအမြောက်များကို တပ်ဆင်အသုံးပြုလေ့ ရှိ့ကြပါတယ်။ ယနေ့ခေတ်မှာတော့ AShM တပ်ဆင်ထားသည့် FAC များကို FAC missile နှင့် အမြောက်များတပ်ဆင်အသုံးပြုသည့် FAC များကိုတော့ FAC Gun အဖြစ်ခွဲခြားသတ်မှတ်ထားပါတယ်။ ပဲ့ထိန်းဒုံးပျံတင် FAC များအနေဖြင့် မိ့မိ့တွင်တပ်ဆင်ထားသော AShM ပစ်ခတ်နိုင်သော အကွာအဝေးထိ့ ချဉ်းကပ်နိုင်ပါက ရန်သူ့စစ်ရေယာဉ်ကြီးတစ်စီးအား အန္တရာယ် ကြီးမားစွာကြရောက်အောင် သို့မဟုတ် နစ်မြုပ်သွားအောင် ပြုလုပ်နိုင်စွမ်းရှိ့ကြပါတယ်။ သို့ဖြစ်၍ FAC များရဲ့ တိုက်စွမ်းအားမြင့်မားလာစေရန် ယင်းတို့တွင်တပ်ဆင်ထားသော AShM များရဲ့ ပစ်ခတ်နိုင်မှု့အကွာအဝေးအနေနဲ့ ထိ့ရောက်မှု့ရှိ့ပြီး တစ်ဖက်ရန်သူ့စစ်သင်္ဘောကို ခြိမ်းခြောက်နိုင်တဲ့အကွာအဝေးဖြစ်ရန်လိုအပ်တဲ့အပြင် ယင်းအကွာအဝေးကို ရောက်ရှိ့ထောက်လှမ်းနိုင်တဲ့ အာရုံခံကိရိယာများနှင့်တွဲဖက်တပ်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် FAC တွေအနေနဲ့ Fleet တစ်ခုရဲ့ offensive role အတွက်အခြားသောရေယာဉ်များဖြင့် ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ရန်သူ့ရေယာဉ်များရဲ့ စုံစမ်းထောက်လှမ်းနိုင်မှု့အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မိ့မိ့မှ ရန်သူအား ဦးစွာတွေ့မြင် စစ်ဆင်နိုင်ရေးအတွက် ရေယာဉ်တွင်တပ်ဆင်ထားသော အာရုံခံကိရိယာများအနေနဲ့ ကောင်းမွန်ရန်လိုအပ်သလို သတင်းအချက်အလက်ရရှိ့နိုင်မည့် အခြားသော အရင်းအမြစ်များနှင့်လည်း ပေါင်းစပ်စစ်ဆင်နိုင်စွမ်းရှိ့ရမည် ဖြစ်ပေသည်။
             အင်အားသေးငယ်လှသော ရေတပ်များအဖို့ အင်အားကြီးမားသော ရေတပ်များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်ရှိ့သော် အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များစွာအသုံးပြုပြီး ဝိုင်းအုံစုပြုံ ၍ တိုက်ခိုက်ခြင်းနည်းစနစ် ( Swarming Tactics ) ကျင့်သုံးခြင်းသည်သာလျင်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပေသည်။ ထိုတိုက်ခိုက်ခြင်းနည်းစနစ် ထိ့ရောက်ကြောင်းကိုလည်း ၂၀၀၂ ခုနှစ်တွင် အမေရိကန်မရိန်းတပ်ဖွဲ့မှ အငြိမ်းစား L.t.General Paul Van Riper က ရေတပ်စစ်ရေးလေ့ကျင့်ခန်းကြီးတစ်ခုပြုလုပ်ပြီး လက်တွေ့သက်သေပြသထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှု့တွင် အမေရိကန် ရေတပ် တပ်ဖွဲ့တွေကို အနီရောင်တပ်ဖွဲ့ နှင့် အပြာရောင်တပ်ဖွဲ့ ဆိုပြီးနှစ်ဖွဲ့ခွဲကာ အနီရောင်တပ်ဖွဲ့ကိုတော့ L.t.General Paul Van Riper ကဦးဆောင်ပြီး လက်တွေ့စစ်ရေးလေ့ကျင့်ခဲ့ကြတာဖြစ်ပါတယ်။ ထိုလေ့ကျင့်မှု့တွင် အနီရောင်တပ်ဖွဲ့ဘက်မှ အမြောက်နဲ့ ဒုံးပျံတင် FAC များ ၊ ဝေဟင်နဲ့ မြေပြင်အခြေစိုက် ပဲ့ထိန်းဒုံးပျံများ ၊ အသေခံဗုံးခွဲတိုက်ခိုက်သည့် ရေယာဉ်ငယ်များစွာ ဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အပြာရောင်တပ်ဖွဲ့ဘက်မှ လေယာဉ်တင်သင်္ဘောတစ်စီးအပါအဝင် စစ်ရေယာဉ်မျိုးစုံ ၁၆ စင်းခန့်ကိုနှစ်မြုပ်နိုင်ခဲ့ကြပါတယ်။
      Swarming tactics ဖြင့်တိုက်ခိုက်ခြင်းနည်း ၂ မျိုးရှိ့ရာ ထိုလေ့ကျင့်မှု့မှာ L.t.General Paul Van Riper ဦးဆောင်တဲ့ အနီတပ်ဖွဲ့အနေဖြင့်  နည်းတစ်နည်းဖြစ်တဲ့ Dispersed Swarming Tactics ( DST ) နည်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ DST တွင် အဓိကအနေနဲ့ ပဲ့ထိန်းဒုံးတပ် FAC များ ၊ အကွာအဝေးများစွာ ပစ်ခတ်နိုင်တဲ့ မြေပြင်အခြေစိုက် Coastal defence စနစ် ပဲ့ထိန်းဒုံးပျံများ ၊ ရန်သူနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်များ စုံစမ်းထောက်လှမ်းခြင်း ၊ လျှို့ဝှက်မိုင်းခင်းခြင်းများ ၊ သမားရိုးကျရော အထူးစစ်ဆင်ရေးများတွင်ပါ အသုံးပြုမည့် ဒီဇယ်ရေငုပ်သင်္ဘောများ ၊ ထောက်လှမ်းရေးမောင်းသူမဲ့ လေယာဉ်ငယ်များ နှင့် အကွာအဝေးအလယ်အလတ်အဆင့်ထိ့ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးပျံများ အစရှိ့သည်တို့ပါဝင်ပါသည်။
        မိ့မိ့တို့ ရေတပ်အနေဖြင့်လည်း ရှည်လျားလှတဲ့ ပင်လယ်ကမ်းရိုးတန်းကို ကာကွယ်နိုင်စွမ်းအပြည့်ရှိ့အောင် ရေတပ်ကိုအများနည်းတူ အဆင့်မြင့်တင်လျက်ရှိ့ရာ layer defence စနစ်တစ်ခုကို အောင်အောင်မြင်မြင်ဖော်ဆောင်နိုင်နေပြီဖြစ်ပါတယ်။ အဲ့အထဲမှာ  အရေအတွက်များပြားစွာ ရှိ့နေတဲ့ FAC တွေကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်နေတာလည်းဖြစ်ပါတယ်။
လေကာ အားနည်းတဲ့ AShM ၄ စင်းတင်ဆောင်ထားတဲ့ 491 လို stealth FAC ၅ စီးကို AD ပိုင်းအတွက် တာလတ် ၊ တာတို ၊ PD စနစ်တွေပြည့်ပြည့်စုံစုံ ပါဝင်တဲ့ FFG တစ်စီး ၊ ASW role ပြည်ပြည့်စုံစုံတပ်ဆင်လာမဲ့ Covette တစ်စီး စုစုပေါင်း ၇ စီး သူ့နောက်မှာ မြေပြင် ဝေဟင်  Costal defence စနစ် စတာတွေကို integrate စနစ်ကောင်းကောင်း နဲ့ ပေါင်းစပ်ထိန်းချုပ်နိုင်လျင် မြန်မာ့ ပိုင်နက် ရေမိုင် ၂၀၀ အတွင်းဝင်ရောက်လာမဲ့ ရေယာဉ်တစ်စီးခြင်းသော်လည်းကောင်း ရေယာဉ်အုပ်သော်လည်းကောင်း ကြိုတင်အကြောင်းကြားဖို့တော့ လိုပါလိမ့်မယ်
နို့မို့ဆိုရင်တော့ ...........

  .......  မိုးတိမ်  .......
Myanmar Military Observers

No comments:

Post a Comment