Monday, June 27, 2016

Defence facilities of myanmar navy Frigates

-  Search and track radar

           လက်ရှိ MN ရဲ့ ပြည်တွင်းထုတ့် FFG ၃ စီးဖြစ်တဲ့ F11 F12 F14 မှာအသုံးပြုနေတဲ့ airborne early warning (AEW ) and  search radar အဖြစ်  BEL ကထုတ်တဲ့ RAWL-02 MK3 L-band အမျိုးစား made in india radar ကို တပ်ဆင်အသုံးပြုနေသည် . RAWL-02  ဟာ medium to long range 2D radar အမျိုးစားဖြစ်ကာ surveillance ထောက်လှမ်းရေး နဲ့ ရေပြင်  မြေပြင် ကြိုတင်သတိပေးရေဒါဖြစ်ပြီး 270km ထိထောက်လှမ်းနိုင်ပြီး target ပေါင်း 160 ထိကို tracking လုပ်ပေးကာ early warning ပေးနိုင်မှာဖြစ်သည် . နောက်ပြီး အီလက်ထောနစ် တိုက်ခိုက်မှု electronic counter measure ( ECM ) ဒဏ်ကိုကောင်းစွာခံနိုင်သည့် high ECM resistance  ရှိပြီး ( ECM ) ကို Jamming ပြန်လုပ်နိုင်သည့် Electronic Counter Counter Measure ( ECCM )capabilty လည်းရမည့် အဆင့်မြင့် အမျိုးအစား radar တခုလည်းဖြစ်သည် . Built-in Test Equipment ( BITE ) capability ရှိတာကြောင့် radar ပေါ်ရှိ ထောက်လှမ်းရေးအချက်အလက်များမှ  fault data များဖြစ်မှုကိုများစွာလျော့ကျစေကာ system တခုလုံးအပေါ် ယုံကြည်မှုပိုရစေမှာဖြစ်သည် . ထို့ပြင်RAWL02 MK3 radar သည် weapon control system ၁ မျိုးကိုလည်းလမ်းညွှန်နိုင်သော စွမ်းဆောင်ရည်လည်းရှိနေသည်. ထိုအဆင့်မြင့်RAWL-02 radar သည် India က တရားဝင်လိုင်စင်ယူထုတ်လုပ်နေသော  နယ်သာလန်နိုင်ငံ၏ LW-08 radar မှမျိုးကွဲထားသော radar အမျိုးစားဖြစ်သောကြောင့် RAWL-02 radar ၃ စုံကို မြန်မာနိုင်ငံသို့ရောင်းလိုက်သည့်အပေါ်  နယ်သာလန်က EU  sanction နှင့်ညှိနေသောကြောင့်BEL ကို ပြင်းထန်စွာကန့်ကွက်ခဲ့သဖြင့်  မြန်မာနိုင်ငံကို နည်းပညာရောင်းချရန် သဘောတူမှုပေါ်BEL ကဖျက်သိမ်းပေးလိုက်ရသည်. MN အနေနှင့်လည်း radar ၃ စုံသာရလိုက်ကာ  နည်းပညာမရလိုက်သဖြင့်  နောက်ထွက်လာမည့် FFG အပေါ် မည်သည့်အမျိုးစားတပ်ရမည်ကို ခေါင်းခဲရဦးမည်ဖြစ်ပေသည်.

- Myanmar navy မှ soft-killed  countermeasure system

            လတ်ရှိတပ်မတော်ရေရှိ Frigate များ၌ တန်ပြန်စနစ်များကိုအသုံးပြုနေပြီး ထို Countermeasure system ထဲမှ ၁ မျိုးကတော့ Frigate များအနေနှင့် the last shield ဖြစ်သည့် Antiship cruise missile ( ASCM ) များရန်ကို လမ်းလွှဲခြင်းဖြင်းရှောင်ကွင်းစေနိုင်သော ASCM တန်ပြန်နှောက်ယှက်သည့် soft kill system တခုဖြစ်သည်. SRBOC ( super rapid bloom offboard countermeasure chaff and decoy launching system ) ဟုယုံကြည်ရသော ထိုစနစ်တွင် 45° နှင့် 60° အသီးသီးထောင်လျက်ထားသော Launcher tube များပါဝင်ပေသည်.ထိုကဲ့သို degree များချိုး၍စောင်းပေးထားခြင်းကြောင့် effective spread of area ဟုခေါ်သည့်  decoy များ chaff များကောင်းစွာဖြာထွက်နိုင်မှု့ဖြင့်  တဘက်မှဝင်ရောက်လာသော သင်္ဘောဖျက်ဒုံး၏ပစ်မှတ်ရှာ radar ထုတ်လွှတ်ချက်များကို ကောင်းမွန်စွာနှောက်ယှက်နိုင်စေရန်ဖြစ်သည်.ထို့ပြင် 45° စောင်းထားသော launcher များသည် ရေပေါ်တွင်ယှက်လျက်လာသောဒုံးအမျိုးစားဖြစ်သည့် sea-skimming missile များကို နှောက်ယှက်ရန်အတွက်လည်းဖြစ်သည်. ထို့ပြင် ၎င်း launcher များတွင် IR flare ခေါ် အပူလွှတ်ပေးသည့် မီးပွားများထုတ်လွှတ်ကာ သင်္ဘော၏အပူထုတ်လွှတ်မှု့ကိုရှာ၍လာသော ရန်သူ့ ASCM များ၏ပစ်မှတ် မှတ်ပုံတင်စနစ်ကိုနှောက်ယှက်စေနိုင်သည့် စနစ်များလည်းထည့်သွင်းပစ်ခတ်နိုင်သေးသည် . MN ၏ စစ်သင်္ဘောများတွင် ထိုကဲ့သို self defence capability ကိုမြှင့်တက်စေနိုင်သည့် the last shield of ship ဖြစ်သော ယခုကဲ့သို့ countermeasure စနစ်များကိုတပ်ဆင်ထားခြင်းကြောင့် မိမိရေယာဉ်များကို ရန်သူ့ missile များရန်မှ အထိုက်အလျောက်ကင်းဝေးစေလိမ့်မည်ဖြစ်ပေသည်.

-  ASW weapon  platform မှ Large depth charge ( LDC )


                  MN ရဲ့ Frigate များ Corvette များပေါ်တွင် ရေငုပ်တိုက်ဖျက်ရေး လက်နက်စနစ်များ ( ASW weapon platform ) အဖြစ် Rocket Depth Charge RDC များပစ်လွှတ်နိုင်သော RBU-1200 RBU-3200  launcher များ . Torpedo ပစ်လွှတ်နိုင်သော T- tube များကဲ့သို့  stand-off weapon စနစ်များအပြင် နောက်ထပ် ASW tactic တခုအဖြစ် နောက်ထပ် weapon platform တခုကို fixed installation အဖြစ်တပ်ဆင်ထားတာတွေ့ရသည် . ထိုစနစ်ကတော့ Depth charge များကိုပစ်လွှတ်နိုင်သည့် Depth charge motor ခေါ် Depth charge thrower ပင်ဖြစ်သည်. RBU1200/3200 များရှိရက်နှင့် ဘာကြောင့် ထို DC motor ကြီးကိုတပ်ဆင်ထားရသနည်းဟု တချို့ကထင်ကြသည်. တကယ်တမ်းလည်း ထိုစနစ် ၂ မျိုးမှာ သဘောတရားအရ တူညီကြပေသည်. ထိုစနစ်များရဲ့ ဒသနကတော့ သင်္ဘော၏ နောက်မှပစ်ချသော သာမန် Depth charge များကဲ့သို့ အနီးကပ်မှ ရန်သူ့ torpedo ( သို့ ) submarine များကို တန်ပြန်နိုင်သည့်စနစ်မဟုတ်ပဲ  အဝေးတနေရာထိရောက်အောင် launcher များ mortor များသုံးကာ ပစ်ထုတ်ခြင်းပင်ဖြစ်သည်.  သို့သော် RBU များမှ RDC နှင့် Depth Charge thrower မှ Depth Charge များကွာခြားချက်ကတော့ ပေါက်ကွဲမှု့အား explosive limit ပင်ဖြစ်သည်. Thrower မှပစ်လွှတ်သော depth charge များ၏ ပေါက်ကွဲအားသည် RDC ၏ပေါက်ကွဲအား၏ ၅ ခန့်ရှိပေသည်. RBU1200 တွင် launcher tube 5 ခုပါသဖြင့် RBU1200 မှ RDC ၁ တွဲပစ်လွှတ်အားနှင့် Depth charge thrower မှ Depth charge ၁ လုံးပစ်အားနှင့်ညီနေသည်. ထို့ကြောင့် ၎င်း Depth charge thrower ကို Large Depth Charge ( LDC ) ဟုခေါ်ခြင်းလည်းဖြစ်သည်.ထို Depth charge thrower များကို WW-1  WW-2  မှစတင်ကာအသုံးပြုခဲ့ကြခြင်းဖြစ်ကာ အရိုးရှင်းဆုံးနှင့်အထိရောက်ဆုံးစနစ်တခုလည်းဖြစ်သည် . LDC များသည် RDC များလောက် အကွာအဝေးအားဖြင့်မရသော်လည်း AOE ( area of effect )ခေါ်သည့် explosion blast ကိုကြီးမားစွာဖြစ်ပေါ်စေသည့်အတွက် submarine များကို direct hit ရရှိရန် RDC များထက်အခွင့်ရေးနည်းသည့်တိုင်  LDC ၏ပေါက်ကွဲမှု့လွန်စွာပြင်းထန်ခြင်းကြောင့်  ကြီးမားသော area  ကိုပေါက်ကွဲစေလျက် submarine များကို ကောင်းစွာဒုက္ခပေးနိုင်မည်ဖြစ်သည်. သို့သော် MN ၏ ရေယာဉ်တိုင်းတွင် LDC thrower များကို ယခုထပ်ပိုမိုတပ်ဆင်လျက် ၂ ဆင့်  ( သို့ ) ၃ ဆင့်လောပစ်နိုင်ရန် LDC platform တွင် Thrower ၃ ခုလောက်တပ်ဆင်ထားပါက ယခုထက်ပို၍ aggressive ဖြစ်သော defence ကိုပိုင်ဆိုင်နိုင်လိမ့်မည်ဟုသုံးသပ်တင်ပြလိုက်ပါသည်

- Yu-7 Torpedo

                 လက်ရှိတပ်မတော်ရေရဲ့ ပင်မတိုက်ပွဲဝင်သင်္ဘောကြီးများအနေနဲ့ ရေအောက်ကာကွယ်ရေးဖြစ်တဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ASW warfare မှာ လက်ရှိချိန်ထိ လိုအပ်ချက်တွေများစွာ ရှိနေဆဲဖြစ်ပါတယ်. Type053H1 များဖြစ်တဲ့ Bandula နဲ့ Thihathura တို့မှာ RBU 3200 asroc launcher များသာတပ်ဆင်ထားနိုင်ပီး MN ထုတ်ဖြစ်တဲ့ flag ship F11 မှာတော့ RBU 1200 များအပြင် 324mm Yu-7 torpedo tube တွေနဲ့ Heli deck များပါ ပါဝင်လာပါတယ်. F12 F14 တွေရဲ့ လက်နက်စနစ် weaponary suits ပိုင်းတွေမှာတော့ ပြင်ဆင်မှုတွေ ပြောင်းလည်းမှုတွေရှိနေသေးလို့ အတိကျ ထုတ်ပြန်ခြင်းမရှိသေးတာကိုတွေ့နေရပါတယ်. ဒါကြောင့်ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက် weapon platform အပြည့်နဲ့ ပွဲထွက်လာမှာမဟုတ်နိုင်သေးပေမယ့် Yu-7 torpedo ပစ်လွှတ်နိုင်တဲ့ T- tube များကတော့ ပါဝင်လာပြီး သင်္ဘောကိုယ်ထည်ထဲတွင် ထည့်သွင်းမြှပ်နံတည်ဆောက်ထားကာ  လောလောဆယ်တော့ MN ရဲ့ ရေငုပ်တိုက်ဖျက်ရေး လက်နက်စနစ်များဖြစ်သည့် ASW platform မှာ Yu-7 က အဆင့်မြင့်ဆုံး weapon တခုလို့ သတ်မှတ်လို့ရနေပါတယ်.
Yu-7 ဟာ US ရဲ့ Mk 46 Mod 1 ကိုအခြေခံကူးချတည်ဆောက်ထားတဲ့ china ရဲ့ အဆင့်မြင့် ASW သုံး အပေါ့စား light Torpedo အမျိုးစားဖြစ်တယ်. 1989 လောက်မှာ အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီး မကြာခင်မှာ US မှတရားဝင်လိုင်စင်ယူကာ Mk46 Mod 2 အဆင့်ထိမြှင့်တင်ခဲ့ပါတယ်. Yu-7 torpedo တွေဟာ 324mm ရှိကာ 45kg ရှိတဲ့ warhead ကိုတပ်ဆင်ထားကာ torpedo guidance အနေနဲ့ active / passive acoustic homing system ကိုထည့်သွင်းထားပြီး  14 km အကွာထိ ထိန်းချုပ်ပစ်ခတ်နိုင်တယ်. Yu 7 ဟာ ရေအောက်အနက် 400m ကျော်လောက်မှ sub များကို ပစ်ခတ်နှိမ်နင်းနိုင်တဲ့အထိ ပြင်ဆင်ထားတဲ့ torpedo ဖြစ်တဲ့အတွက် enemy sub တွေကို ကောင်းမွန်စွာ ခြိမ်းခြောက်နိုင်မှာဖြစ်တယ်. Made in china ဖြစ်ပေမယ့် သူတို့ကိုတိုင် အချိန်များစွာပေးပီး အကြိမ် ၇၀ နီးပါး အောင်မြင်အောင် ပစ်ခတ်လေ့ကျင့်ခဲ့တဲ့ အမျိုးစားဖြစ်တဲ့အတွက် ယုံကြည်စိတ်ချရမှုအတွက်တော့ လုံလောက်မှုရှိနိုင်လောက်တဲ့ torpedo များဖြစ်တဲ့အပြင် မြန်မာ့တပ်မတော်ရေအတွက် မျှော်လင့်နိုင်လောက်မည့် ရေငုပ်တိုက်ဖျက်ရေးနှင့်ကယ်ဆယ်ရေးသုံး heli ဖြစ်သည့် china ရဲ့ Z9C များတွင်ပါ တပ်ဆင်ထားနိုင်မယ့် အမျိုးစားဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြည်တွင်းဖြစ် Frigate ကြီး များမှာ တပ်ဆင်ဖို့ အထူးသင့်တော်လှပါတယ်. နောက်တခုက 324mm Yu-7 torpedo များ တပ်မတော်ရေ၏ Frigate များတွင်တပ်ဆင်ထားသည်က FFG တွေရဲ့ လွတ်နေတဲ့ Heli deck တွေမှာ Z9 များကို ဘာကြောင့်တွေ့ရဖို့များလည်းဆိုတဲ့ အကြောင်းပြချက်တခုလည်းဖြစ်နေပြန်တယ်.နောက်စိတ်ဝင်စားစရာကတော့ တရုတ်တွေက  သူ့ရဲ့ Yu 7 ဟာ US ရဲ့ Mark 54 MAKO တွေ Russia ရဲ့ APR-3E တွေ UK ရဲ့ sting Ray torpedo တွေနဲ့ တတန်းထဲသတ်မှတ်လို့ရတဲ့ torpedo တွေဆိုတာပါပဲ.

-  AK-630 Close-in weapon system
     
              မြန်မာ့တပ်မတော်(ရေ)တွင် အမာခံကျောရိုးအဖြစ်အသုံးပြုနေသည့် အနီးကပ်ခွင်းစနစ်တခုဖြစ်သော AK630 CIWS သည် Russia ၏အဓိကထားအသုံးပြုနေသည့် AK630 Series မှစနစ်တခုဖြစ်သည်. ၎င်းစနစ်တွင် ၃၀မမ ကျည်များပစ်ခတ်နိုင်သည့် ဆုံလည်ပြောင်း ၆ ခုပါဝင်ထားပြီး ပစ်အားနှုန်းမှာ ၁ မိနစ်လျှင် ကျည်ချက်ပေါင်း ၅၀၀၀ ကျော်ထိရှိသည်. မိမိထံချည်းကပ်လာသော အနိမ့်ပျံ သင်္ဘောဖျက်ဒုံးများ နှင့် ၂ မိုင်အတွင်းဝင်ရောက်လာသည့်အရာမှန်သမျှကို အလိုလျောက်စနစ်ဖြင့် တိကျစွာဖျက်ဆီးနိုင်သည်.

- 14.5mm antiaircraft  AA-gun  from Frigate
       
            Myanmar navy မှ F11 ပေါ်တွင် မူလက AK630 CIWS  ၄ စုံကိုသာသတိထားခဲ့ကြပြီး 14.5mm AA gun ၂ စုံကို အမှတ်တမဲ့သာရှိနေခဲ့ကြသော်လည်း F12 F14 များပွဲထွက်လာချိန်မှာတော့ AK630 CIWS များနှင်အတူ RCWS ဖြစ်နိုင်သည့်စနစ် ၁ မျိုးကိုအာရုံစိုက်လာခဲ့ကြတာကိုတွေ့ရပါတယ်.
14.5 mm Anti Aircraft gun ဖြစ်တဲ့ remote controlနှင့် ရော manual ရောသုံးနိုင်သည့်  RCWS ( remote control weapon station )  ဟာ လတ်ရှိ MN တွင်အသုံးပြုနေသည့် 14.5mm × 6 barrel  AA gun ကို upgrade လုပ်ထားသည့် home made version တခု ဟုတ် မဟုတ် ဆိုတာကတော့ လွန်စွာစိတ်ဝင်စာစိတ်ဝင်စားဖို့ကောင်းနေပြီး ၎င်းနည်းပညာသာအမှန်တကယ်ရရှိလာခဲ့ပါက Fast attack gun boat ( FAC ) များတွင် တပ်ဆင်လာနိုင်လျက် Antiair Warfare တခုကို ယခုထက်ပိုကာ ကောင်းမွန်စွာထမ်းဆောင်လာနိုင်မှာလည်းဖြစ်ပါတယ်.

Supernyi Soe
#Myanmarmilitaryobservers

No comments:

Post a Comment